မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ်၊
တောင်ပြုံးကြီးကျေးရွာတွင်နှစ်စဉ်အစဉ်အ လာမပျက်ကျင်းပမြဲဖြစ်သည့် တောင်ပြုံးပွဲ
တော်သည် Covid19ရောဂါစတင်ဖြစ်ပွားပြီး
နောက်ပိုင်း ပြန်လည်စည်ကားလာကြောင်း
သြဂုတ်လ(၂၇)ရက်က ဒေသခံများထံမှ သိရသည်။

နှစ်စဉ်အစဉ်အလာမပျက်ကျင်းပမြဲဖြစ်တဲ့
တောင်ပြုံးပွဲတော်ကို Covid19ရောဂါစတင်
ဖြစ်ပွားပြီးနောက်ပိုင်း ၂၀၂၀ခုနှစ်နှင့်၂၀၂၁ခု
နှစ်တို့တွင် ကျင်းပနိုင်ခြင်းမရှိဘဲ ၂၀၂၂ခုနှစ်မှ
စတင်ပြီး ပြန်လည်ကျင်းပခဲ့ပြီး ယခု ၂၀၂၃ခု
နှစ်တွင် ကျင်းပခဲ့သည့် တောင်ပြုံးပွဲမှာ ပြီးခဲ့သည့်နှစ်ကထက် မင်းနှစ်ပါးကိုးကွယ်ယုံ
ကြည်သူတွေလာရောက်မှုပိုမိုများပြားခဲ့
ကြောင်းသိရသည်။

တောင်ပြုံးပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆန်း ၈ရက်မှ စတင်ပြီး ကျင်းပခဲ့ရာ ဝါခေါင်လ
ဆန်း ၈ရက်နှင့်၉ ရက်တို့တွင် ကန်တော့ခံပွဲ၊ ဝါခေါင်လဆန်း၁၀ရက်တွင် ညီလာခံဝင်၊ ဝါ
ခေါင်လဆန်း ၁၁ရက်တွင် ချိုးရေတော်သုံးပွဲ၊ ဝါခေါင်လဆန်း ၁၂ရက်တွင် နန်းတက်ပွဲ၊ ဝါ
ခေါင်လဆန်း ၁၃ ရက်တွင် ယုန်ထိုးပွဲ၊ ဝါခေါင်လဆန်း ၁၄ ရက်တွင် ထိမ်ပင်ခုတ်ပွဲ၊ ဝါခေါင်လဆန်း ၁၅ ရက်တွင် ပခန်းမင်းပို့ပွဲနှင့် ဝါ
ခေါင်လပြည့်ကျော် တစ်ရက်တွင် ရွှေဘုံဆင်းပွဲတို့ကို ရှေးအစဉ်အလာများအတိုင်း ကျင်းပလေ့ရှိကြောင်း သိရသည်။

ယခုနှစ်တွင်ကျင်းပခဲ့သည့် တောင်ပြုံးပွဲတွင်
ပျော်ပွဲရွှင်ပွဲများဖြစ်သည့် ဇာတ်ပွဲများ၊မျက်လှည့်ပွဲများ၊စတန့်ပွဲများ မပါဝင်ခဲ့ပေမယ့် ၁၂ပွဲဈေးသည်များ၊မြန်မာမုန့်အမျိုးမျိုးအ
ရောင်းဆိုင်များ၊စားသောက်ဆိုင်များ၊လူသုံးကုန်ပစ္စည်းဆိုင်များ၊အဝတ်အထည်ဆိုင်များ၊ ကလေးကစားစရာပစ္စည်းအရောင်းဆိုင်များ၊
မြေထည်ပစ္စည်းဆိုင်များ၊အအေးဆိုင်များ လာရောက်ဖွင့်လှစ်ရောင်းချခဲ့သည်ကိုလည်း
တွေ့မြင်ခဲ့ရသည်။

“တောင်ပြုံးပွဲကို အထက်အညာဒေသမှာ
ကျင်းပတဲ့ပွဲတော်တွေထဲမှာ အစည်ကားဆုံး
ပွဲတော်တစ်ခုပါ။ကိုဗစ်စကတည်းက တောင်
ပြုံးပွဲတော်နားထားခဲ့ပြီး နန်းရင်းကို မလာမ
ဖြစ်ပူဇော်ပသတဲ့သူတွေနဲ့အကျဉ်းရုံးပြီး လုပ်
ခဲ့ရတာပါ။မနှစ်ကစပြီး ပွဲတော်ကျင်းပခွင့်ရခဲ့ပေမယ့် သိပ်မစည်ခဲ့ပါဘူး။ဒီနှစ်ကတော့
တော်တော်လေး စည်လာတယ်။အနယ်အရပ်
ရပ်က မင်းနှစ်ပါးကို လာရောက်ပူဇော်ပသတွေ လာကြတာတော်တော်များပါတယ်။ပျော်ပွဲရွှင်ပွဲတွေ မပါပေမယ့် တောင်ပြုံးပွဲမှာ ဈေးလာရောင်းနေကြ ဈေးသည်တွေ လာ
ရောင်းခဲ့ကြပါတယ်´´တောင်ပြုံးကြီးကျေးရွာ
နေပြည်သူတစ်ဦးကပြောသည်။

တောင်ပြုံးပွဲတော်သည် အနော်ရထာမင်းလက်ထက်မှစတင်ပြီး ယနေ့ထက်တိုင် အစဉ်အ လာမပျက် လက်ဆင့်ကမ်းကျင်းပလာသည့် ပွဲတော်တစ်ခုဖြစ်သောကြောင့် နောင်လာမည့်
နှစ်ပေါင်းများစွာတိုင်အောင် အထက်အညာ
ဒေသ၏ အစည်ကားဆုံးပွဲတော်တစ်ခုအဖြစ်
တည်ရှိနေမည်ဖြစ်ကြောင်းလည်း သိရသည်။

LocalNews

TheMandalayTimes

တောင်ပြုံးပွဲတော်

ပြန်လည်စည်ကားလာ

တောင်ပြုံးကြီးရွာ

မတ္တရာ

မန္တလေးတိုင်းဒေသကြီး

Zawgyi

Covid19ေရာဂါစတင္ျဖစ္ပြားၿပီးေနာက္ပိုင္း
ေတာင္ၿပဳံးပြဲေတာ္ ျပည္လည္စည္ကားလာ
ၾသဂုတ္(၂၇)၊မႏၲေလး

မႏၲေလးတိုင္းေဒသႀကီး၊မတၱရာၿမိဳ႕နယ္၊
ေတာင္ၿပဳံးႀကီးေက်း႐ြာတြင္ႏွစ္စဥ္အစဥ္အ လာမပ်က္က်င္းပၿမဲျဖစ္သည့္ ေတာင္ၿပဳံးပြဲ
ေတာ္သည္ Covid19ေရာဂါစတင္ျဖစ္ပြားၿပီး
ေနာက္ပိုင္း ျပန္လည္စည္ကားလာေၾကာင္း
ၾသဂုတ္လ(၂၇)ရက္က ေဒသခံမ်ားထံမွ သိရသည္။

ႏွစ္စဥ္အစဥ္အလာမပ်က္က်င္းပၿမဲျဖစ္တဲ့
ေတာင္ၿပဳံးပြဲေတာ္ကို Covid19ေရာဂါစတင္
ျဖစ္ပြားၿပီးေနာက္ပိုင္း ၂၀၂၀ခုႏွစ္ႏွင့္၂၀၂၁ခု
ႏွစ္တို႔တြင္ က်င္းပနိုင္ျခင္းမရွိဘဲ ၂၀၂၂ခုႏွစ္မွ
စတင္ၿပီး ျပန္လည္က်င္းပခဲ့ၿပီး ယခု ၂၀၂၃ခု
ႏွစ္တြင္ က်င္းပခဲ့သည့္ ေတာင္ၿပဳံးပြဲမွာ ၿပီးခဲ့သည့္ႏွစ္ကထက္ မင္းႏွစ္ပါးကိုးကြယ္ယုံ
ၾကည္သူေတြလာေရာက္မႈပိုမိုမ်ားျပားခဲ့
ေၾကာင္းသိရသည္။

ေတာင္ၿပဳံးပြဲေတာ္ကို ႏွစ္စဥ္ ဝါေခါင္လဆန္း ၈ရက္မွ စတင္ၿပီး က်င္းပခဲ့ရာ ဝါေခါင္လ
ဆန္း ၈ရက္ႏွင့္၉ ရက္တို႔တြင္ ကန္ေတာ့ခံပြဲ၊ ဝါေခါင္လဆန္း၁၀ရက္တြင္ ညီလာခံဝင္၊ ဝါ
ေခါင္လဆန္း ၁၁ရက္တြင္ ခ်ိဳးေရေတာ္သုံးပြဲ၊ ဝါေခါင္လဆန္း ၁၂ရက္တြင္ နန္းတက္ပြဲ၊ ဝါ
ေခါင္လဆန္း ၁၃ ရက္တြင္ ယုန္ထိုးပြဲ၊ ဝါေခါင္လဆန္း ၁၄ ရက္တြင္ ထိမ္ပင္ခုတ္ပြဲ၊ ဝါေခါင္လဆန္း ၁၅ ရက္တြင္ ပခန္းမင္းပို႔ပြဲႏွင့္ ဝါ
ေခါင္လျပည့္ေက်ာ္ တစ္ရက္တြင္ ေ႐ႊဘုံဆင္းပြဲတို႔ကို ေရွးအစဥ္အလာမ်ားအတိုင္း က်င္းပေလ့ရွိေၾကာင္း သိရသည္။

ယခုႏွစ္တြင္က်င္းပခဲ့သည့္ ေတာင္ၿပဳံးပြဲတြင္
ေပ်ာ္ပြဲ႐ႊင္ပြဲမ်ားျဖစ္သည့္ ဇာတ္ပြဲမ်ား၊မ်က္လွည့္ပြဲမ်ား၊စတန႔္ပြဲမ်ား မပါဝင္ခဲ့ေပမယ့္ ၁၂ပြဲေဈးသည္မ်ား၊ျမန္မာမုန႔္အမ်ိဳးမ်ိဳးအ
ေရာင္းဆိုင္မ်ား၊စားေသာက္ဆိုင္မ်ား၊လူသုံးကုန္ပစၥည္းဆိုင္မ်ား၊အဝတ္အထည္ဆိုင္မ်ား၊ ကေလးကစားစရာပစၥည္းအေရာင္းဆိုင္မ်ား၊
ေျမထည္ပစၥည္းဆိုင္မ်ား၊အေအးဆိုင္မ်ား လာေရာက္ဖြင့္လွစ္ေရာင္းခ်ခဲ့သည္ကိုလည္း
ေတြ႕ျမင္ခဲ့ရသည္။