၅။ ဩဂုတ် ၁ ရက်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် မာရ ဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်း လောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူ ပူဇော် ခြင်းနှင့် ရေစက်ချ အောင်ပွဲမင်္ဂလာ ကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားများကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးဦးဆောင်ဖြင့် ကြီးမှူးဆောင်ရွက်ပေးခဲ့သည့် နိုင်ငံတော်ဩဝါဒါ စရိယသောဠသမ ရွှေကျင် သာသနာပိုင်ဆရာတော်၊ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသည့် ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ မဟာမင်္ဂလာ အခမ်းအနားများ အောင်မြင်စွာ ကျင်းပရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ၊ သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခမ်းအနားများတွင် ဧည့်ခံပူဇော်ပေးပါသော သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများမှ တာဝန်ရှိသူ များ၊ အဘက်ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးပါသော ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းမိသားစုများ၊ မဟာမင်္ဂလာ အခမ်းအနားများ ပါဝင်တက်ရောက် ကြည်ညိုကြသည့် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် ဧည့်ပရိသတ်အပေါင်း အစရှိသူများနှင့် ကျေးဇူးတင် ထိုက်သူအားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါကြောင်း ကမ္ပည်းမော်ကွန်းတင် ဂုဏ်ပြုအပ်ပါသည်။

https://t.me/mlnmedia/70739

MLND/https://t.me/mlnmedia/70739https://t.me/mlnmedia/70739

MUN/https://t.me/munewstv/23379

MPN/https://t.me/myanmarpeoplenews/21986https://t.me/myanmarpeoplenews/21986