မန္တလေးတိုင်း၊ပြင်ဦးလွင်မြိုနယ်၊ဝက်ဝံကျေးရွာအနီးရှိ ပိတ်ချင်းမြောင်မီးစက်ကြီးရေတံခွန်တွင် သြဂုတ် ၂၈ ရက်(ယနေ့)နံနက်ပိုင်းက အမျိုးသားတစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၁၁ နာရီခွဲခန့်က ပြင်ဦးလွင်မြိုနယ်၊ဝက်ဝံကျေးရွာအနီးရှိ ပိတ်ချင်းမြောင်မီးစက်ကြီးရေတံခွန်တွင် အမျိုးသားတစ်ဦးရေနစ်ပျောက်ဆုံးနေကြောင်း သတင်းအရ ပြင်ဦးလွင်မြိုနယ်မီးသတ်စခန်းမှတပ်ဖွဲဝင်များနှင့်သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်း၊ဖွံဖြိုးဂရုဏာ(ဝက်ဝံ)အသင်းတိုမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။