ငပုတော သြဂုတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်သည် ယမန်နေ့မွန်းလွဲပိုင်းက ငပုတောမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးဆိုင်ရာ မြို့နယ်ကြီးကြပ်မှု ကော်မတီဝင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူး
ကြီး မိုးမင်းနိုင်က မြို့နယ်ကြီးကြပ်မှူ ကော်မတီဝင်များအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများသို့ သွင်းအားစုများ ပံ့ပိုးပေးလျက်ရှိကြောင်း၊ စိုက်ပျိုးချိန်အမှီ ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်ရေး SOP နှင့် အညီ ဆောင်ရွက်နိုင်ခြင်းမရှိသည် တွေ့ရှိရကြောင်း၊ အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်မှု အားနည်းခြင်းများ မဖြစ်ပေါ်စေလိုကြောင်း၊ မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရေး ကော်မတီဝင်များက ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ကြရန် ၊ လုပ်ငန်းရှင်များ မှ ပူးပေါင်း ပါဝင် ဆောင်ရွက်ကြရန် လိုကြောင်းပြောကြားပြီး ငပုတောမြို့ တောင်ပိုင်းရပ်ကွက်ရှိ ပမ္မဝတီအားကစားကွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှု့စစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများထံ မှာကြားခဲ့ကြောင်း သိရသည်။

R 033(ငပုတော)

Myanmar #Local #News #Digital.

https://t.me/mlnmedia/70950

MLND/https://t.me/mlnmedia/70950https://t.me/mlnmedia/70950