မအူပင် ဩဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ တရားလွတ်တော်တရားသူကြီး ဒေါ်ခင်စန်းဝင်းသည် မအူပင်ခရိုင်တရားသူကြီး ဒေါ်အေးအေးမြင့်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးလွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ထွန်းထွန်းအေးတို့နှင့်အတူ ယနေ့နံနက်ပိုင်က မအူပင်မြို့နယ်ရဲတပ်ဖွဲ့၊ မအူပင်မြို့မရဲစခန်း အချုပ်ခန်းအားကြည့်ရှုစစ်ဆေးရာ မြို့မစခန်းမှူး ဒုတိယရဲမှူး ကျော်မင်းစိုးမှ အချုပ်ခန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး၊ တရားလွတ်တော်တရားသူကြီးနှင့်တာဝန်ရှိသူများသည် အချုပ်ခန်းအတွင်းရှိ အချုပ်သားများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ ၎င်းတို့၏ ဥပဒေပါ အခွင့်အရေးများရရှိခြင်း ရှိ/မရှိ၊ နေရာထိုင်ခင်းအဆင်ပြေမှု ရှိ/မရှိ၊ စားသောက်ရာတွင် အဟာရသင့်တင့်မျှတမှု ရှိ/မရှိ၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး မေးမြန်းခဲ့ပြီး လိုအပ်ချက်များရှိပါကဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်းသိရသည်။

R/018( မအူပင်)

#Myanmar #Local #News #Digital.

https://t.me/mlnmedia/71308https://t.me/mlnmedia/71308