အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အထွေထွေအတွင်းရေးမှုး အပါအဝင် စီမံခန့်ခွဲရေးကော်မတီဝင်များ၊ အသင်းချုပ်၏ ဆန်ပြည်ပတင်ပို့မှု ဖွံ့ဖြိုးရေး ကော်မတီဝင်များ၊ ပြည်ပဆန်တင်ပို့နေသည့် Exporter ကုမ္ပဏီကြီးများ ပါဝင်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးမှုအရ သိုလှောင်ထားပြီးသော အရန်ဆန်များကို သက်သာသော ဈေးနှုန်းဖြင့် စက်မှုဇုန်မှ အခြေခံအလုပ်သမား မိသားစုများ၊ ဌာနဆိုင်ရာ လစာနည်းဝန်ထမ်းများအား ရောင်းချပေးခြင်း၊ လုပ်သားပြည်သူများသို့ ဆန်ကုန်စည်ဒိုင်များ၊ စည်ပင်သာယာဈေး အရောင်းဆိုင်များမှတဆင့် ရောင်းချ ပေးခြင်း အစီအစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အသင်းချုပ်မှ (၂၈-၇-၂၀၂၃) ရက်နေ့က ထုတ်ပြန်ကြေညာထားသော ဆန်အိတ် (၅၀,၀၀၀) (Well Milled, Polished & Sortexed) ၂၅%အဆင့် ဧည့်မထဆန်များကို တစ်အိတ်လျှင် (၆၀,၀၀၀) ကျပ်နှုန်းထက် မပိုသောဈေးနှုန်းဖြင့် ကနဦး စတင်ရောင်းချရန် စီစဉ်သွားမည် ဖြစ်ကြောင်း ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

Creditသတင်းနှင့် ဓာတ်ပုံ – မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်