ပြင်ဦးလွင် ၊ ဩဂုတ် ၉


မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ၊ အနာဂတ် ပြင်ဦးလွင်မြို့တော် ဆွေးနွေးပွဲကို ၈ ရက်နေ့ နံနက် ( ၉ ) နာရီက အမှတ် ( ၁ ) အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ ၊ ကျောင်းအုပ်ကြီးများ ၊ ဆရာ ၊ ဆရာမ များ နှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည် ။

အဆိုပါ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးကျော်ကျော်ထွန်း က အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က ( ၁ ) ကျောင်းသား ၊ ကျောင်းသူများ ၊ အထက (၂) ကျောင်းသား ၊ ကျောင်းသူများ ၊အ.ထ.က (၄) ကျောင်းသား ၊ ကျောင်းသူများ နှင့် အ.ထ.က (ခွဲ ) အ.လ.က ( ၁) ကျောင်းသား ၊ ကျောင်းသူများ မှ ပြင်ဦးလွင်မြို့၏ သမိုင်းအကြောင်း ၊ အထင်ကရ နေရာများ ၊ ပညာရေး ၊ ကျန်းမာရေး ၊ ရှေးဟောင်းအဆောက်အအုံ ၊ စီးပွား‌ရေး ၊ ဘာသာရေး ၊ လမ်းပန်းဆက်သွယ်ရေး ၊ စိမ်းလန်းစိုပြည်ရေး ၊ သန့်ရှင်းသာယာလှပရေး နှင့် ရေးစီးရေလာကောင်းမွန်ရေး စသည့် ဆွေးနွေးမှုများ အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည် ။

​အဆိုပါ အနာဂတ် ပြင်ဦးလွင်မြို့တော် ဆွေးနွေးပွဲတွင် ကျောင်းသား ၊ ကျောင်းသူများ၏
ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများ ၊ ကျောင်းသား ၊ ကျောင်းသူများ နှင့် စာရေးဆရာ ဦးကျော်ကျော်လှိုင် တို့မှ အသီးသီးပါဝင်ဆွေးနွေးခဲ့ကြ၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးကျော်ကျော်ထွန်း က နိဂုံးချုပ်စကားပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား အလှူငွေများ ပေးအပ်ခဲ့ပါကြောင်း တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်အရ သိရှိရသည်။
#နေလင်း(ပြင်ဦးလွင်)
# ဓာတ်ပုံ ခရိုင် ( ပြန် / ဆက် )