စစ်သည်တော်တစ်ဦး၏လက်တွင် ရန်သူများထံမှ သိမ်းဆည်ရမိသော ရိုင်ဖယ် သေနတ်ကို ကိုင်ဆောင်ထားပြီး ဒုတိယတစ်ဦး၏လက်တစ်ဖက်တွင် ဆိုဗီယက် ပြည်ထောင်စုထုတ် Mosin အမျိုးအစား ရိုင်ဖယ်ကို ကိုင်ဆောင်ထားကာ ကျန်လက် တစ်ဖက်တွင် ထိုခေတ်အခါက အသုံးပြုခဲ့သော အမျိုးသားအောင်လံတော်ကို ဆုပ်ကိုင် ထားသည့်ဟန် ထုဆစ်ပုံသွင်းထားခြင်း ဖြစ်ကြောင်း၊ ရုပ်တု၏ ဘယ်ဘက်အောက် ခြေတွင် ခြင်္သေ့ရုပ်ထုကို ထည့်သွင်းထားရှိပြီး ခြင်္သေ့ရုပ်ထုသည် ရှေးကျလှသော မြန်မာ့ဟန်အနုပညာ လက္ခဏာတစ်ခုလည်းဖြစ်ကာ ခြင်္သေ့ရုပ်၏ အသွင်သဏ္ဍာန်ကို မန္တလေးတောင်ခြေမှ ခြင်္သေ့ကြီးနှစ်ကောင်နှင့် ပုံစံတူထုဆစ်ထားကြောင်း၊ အဓိပ္ပါယ်မှာ ရန်သူတို့အား အောင်မြင်စွာတွန်းလှန်တိုက်ထုတ်နိုင်ခဲ့သည့် မန္တလေးမြို့တိုက်ပွဲကို သရုပ်ဖော်လိုခြင်းဖြစ်ပြီး စစ်သည်တော်တို့၏ ခြေရင်းတွင် ရန်သူတို့၏ တပ်သုံး အလံ များ၊ စစ်သုံးဓားများကို နင်းခြေထားသည့်ဟန် ထည့်သွင်း ထုဆစ်ထားပါကြောင်း။

“မြန်မာ့စစ်သည်တော်မဟာမိတ်များ” ရုပ်တုကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ စိုက်ထူလိုက်ခြင်းသည် နှစ်နိုင်ငံ၏ ယိုင်နဲ့သွားမည်မဟုတ်သည့် ညီရင်းအစ်ကိုပမာ ပူးပေါင်းဆောင်ရွက်တတ်သည့် မဟာမိတ်စိတ်ဓာတ်ကို ဖော်ကျူးနေခြင်းပင်ဖြစ် ကြောင်း သတင်းရရှိသည်။

Myanmar #Local #News #Digital.

https://t.me/mlnmedia/71380?single

MLND/https://t.me/mlnmedia/71380?singlehttps://t.me/mlnmedia/71380?single