သာပေါင်း စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်တွင် မိုးသည်းထန် မြစ်ရေကြီး လေပြင်းတိုက်ခတ်မှုကြောင့် စက်တင်ဘာလ ၁၄၊၁၅ ရက်နေ့များက နေအိမ်(၂)လုံးပြိုကျ၊ နေအိမ်(၁)လုံး အမိုးလန်ပျက်စီးခဲ့ရသည်။
ထိုသို့ မိုးသည်းထန် မြစ်ရေကြီး လေပြင်းတိုက်ခတ်မှုကြောင့် စက်တင်ဘာလ ၁၄ ရက်နေ့၊နံနက် ၁၀ နာရီခွဲအချိန်က သင်္ကန်းပင်ဆိပ် ကျေးရွာအုပ်စု၊သင်္ကန်းပင်ဆိပ် ကျေးရွာနေထိုင်သူ ဦးလှထွဋ်နှင့်အတူနေ အမျိုးသား(၂)ဦး၊အမျိုးသမီး(၂)ဦး မိသားစု(၄)ဦးတို့၏ ဓနိမိုး၊ဓနိကာ၊ဝါးခင်း(၁၈’×၁၅’×၂၁’) နေအိမ်ပြိုကျပျက်စီးခဲ့ရပြီး၊စက်တင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၈ နာရီခွဲအချိန်က ဆင်လမ်းကျေးရွာအုပ်စု၊ဒိုက်ကြီးကုန်း ကျေးရွာတွင် မြစ်ရေမြင့်တတ် ရေဝင်ရောက်ပြီး မိုးသည်းထန် လေပြင်းတိုက်ခတ်မှုကြောင့် ကုက္ကိုပင်ပြိုလဲ၍ ဦးကျော်ကျော်ဦးနှင့်အတူနေ အမျိုးသား(၄)ဦး၊အမျိုးသမီး(၄)ဦး မိသားစု(၈)ဦးတို့၏ ဓနိမိုး၊ဓနိကာ၊ဝါးခင်း(၁၈’×၁၅’×၂၀’) နေအိမ် ပြိုကျပျက်စီးခဲ့ရပြီး၊သရက်တော ကျေးရွာအုပ်စု၊ ရေလဲကြီး ကျေးရွာနေထိုင်သူ ဦးအေးမင်းနှင့်အတူနေ အမျိုးသား(၃)ဦး၊အမျိုးသမီး(၁)ဦး ပေါင်း(၄)ဦးတို့၏ သွပ်မိုး၊ပျဉ်ထောင်၊ပျဉ်ခင်း(၁၈’×၁၅’×၁၈’) နေအိမ် အမိုးလန် ပျက်ဆီးဆုံးရှုံးမှုနှင့်ပတ်သက်၍ လူနှင့်တိရစ္ဆာန်များထိခိုက် ဒဏ်ရာရှိခဲ့မှု၊အသက်အန္တရာယ် ဆုံးရှုံးမှုမရှိပါကြောင်းနှင့်၎င်းတို့အား နီးစပ်ရာမိဘဆွေမျိုးများနေအိမ်တွင် ယာယီပြောင်းရွှေ့နေထိုင်ရေးအတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်ရပ်ရွာ အထောက်အကူပြုအဖွဲ့တို့က ပူးပေါင်းကူညီ စီစဉ်ဆောင်ရွက်ပေးထားလျှက်ရှိကြောင်း သိရသည်။

R-012( သာပေါင်း)

https://t.me/mlnmedia/72508?single