သာပေါင်း ဩဂုတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်၊ငဝန်ဒေါင့်ကြီးကျေးရွာအုပ်စုတွင် ဩဂုတ်လ ၈ ရက်နေ့၊ညနေ ၃ နာရီခွဲ အချိန်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့်  နေအိမ်(၁)လုံး ပြိုကျပျက်စီး ဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။
ထိုသို့ မိုးသက်လေပြင်းတိုက်ခတ်၍ သာပေါင်းမြို့နယ်၊ငဝန်ဒေါင့်ကြီး ကျေးရွာအုပ်စု၊ငဝန်ဒေါင့်ကြီး ကျေးရွာတွင် နေထိုင်သူ ဦးဇော်ဝင်းထွန်းနှင့်အတူနေ အသက်(၁၈)အထက် အမျိုးသား(၃)ဦး၊အမျိုးသမီး(၂)ဦး ပေါင်း(၅)ဦးတို့ နေထိုင်ရာ(ဓနိမိုး၊ဓနိကာ၊ဝါးခင်း)၊(၁၈’×၁၈’×၁၅’)နေအိမ်ပြိုကျပျက်စီးဆုံးရှုံးခဲ့ကြရပြီး ပျက်ဆီးမှုနှင့်ပတ်သက်၍ လူနှင့်တိရစ္ဆာန်များထိခိုက် ဒဏ်ရာရှိခဲ့မှု၊အသက်အန္တရာယ် ဆုံးရှုံးမှုမရှိပါကြောင်းနှင့်၎င်းတို့အား နီးစပ်ရာမိဘဆွေမျိုးများနေအိမ်တွင် ယာယီပြောင်းရွှေ့နေထိုင်ရေး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဌေးလွင်နှင့်စာရေးဦးမင်းရွှေတို့က ပူးပေါင်းကူညီ စီစဉ်ဆောင်ရွက်ပေးထားလျှက်ရှိကြောင်း သိရသည်။

R-012( သာပေါင်း)

#Myanmar #Local #News #Digital.

https://t.me/mlnmedia/70907https://t.me/mlnmedia/70907