ပြင်ဦးလွင် ၊ ဩဂုတ် ၁၇

စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန ၊ ဝါနှင့်လျှော်မျှင်ထွက်
သီးနှံဌာနခွဲ ၊ ပိုးသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန ၊ သစ်စိမ်းမြေဩဇာ ( ပိုက်ဆံလျှော် )
ထည့်သွင်းခြင်းနှင့် ပိုးစာပင်ခြေကိုင်းဖြတ်ခြင်း သရုပ်ပြပွဲ ကို ၁၆ရက်နေ့နံနက် (၉ : ၃၀) နာရီက ပြင်ဉီးလွင်မြို့ ၊ရပ်ကွက်ကြီး ( ၆ ) ၊ နန္ဒာလမ်း ၊ ပိုးသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန ၌ ကျင်းပပြုလုပ်ရာ
တာဝန်ရှိသူများ ၊ ခြံတာဝန်ခံများနှင့် တောင်သူများ တက်ရောက်ကြသည် ။
ရှေးဦးစွာ ပိုးသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန ( ပြင်ဦးလွင်) ၊ ခရိုင်ဦးစီးမှူး ကိုယ်စား
ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ ၊ ဦးစီးအရာရှိ ၊ ဒေါက်တာ စိမ်းစိမ်းမူ က
အဖွင့်အမှာစကားပြောကြားပြီး ပိုးသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန ( ပြင်ဦးလွင်) ၊ ခြံတာဝန်ခံ
လက်ထောက်ညွှန်ကြားရေးမှူး ၊ ဒေါက်တာအေးနွယ်ဝင်း မှ ပိုက်ဆံလျှော် ( သစ်စိမ်းမြေဩဇာ )
ထည့်သွင်းခြင်းနှင့် ပိုးစာပင်ကိုင်းဖြတ်ခြင်း ကွင်းသရုပ်ပြပွဲ အကြောင်း ဆွေးနွေးတင်ပြခြင်း၊
ပိုးသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန ( ပြင်ဦးလွင်) ၊ ဒုတိယဦးစီးမှူး ၊ ဒေါ်ဝါဝါထွန်း မှ
ပိုက်ဆံလျှော် ( သစ်စိမ်းမြေဩဇာ ) ထည့်သွင်းစိုက်ပျိုးခြင်းအကြောင်းတို့အား ဆွေးနွေးတင်ပြခဲ့ကြသည်။
ဆက်လက်ပြီး တက်ရောက်လာသည့် ခြံတာဝန်ခံများနှင့် တောင်သူများမှ သိရှိလိုသည်များကို
မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ခံများမှ အသေးစိတ်ရှင်းလင်းပြန်လည်ပြောကြားခဲ့ပြီး
ပိုက်ဆံလျှော် ( သစ်စိမ်းမြေဩဇာ ) ထည့်သွင်းစိုက်ပျိုးခြင်းနှင့် ပိုးစာပင်ကိုင်းဖြတ်ခြင်းအား လက်တွေ့
ကွင်းဆင်းသရုပ်ပြသခဲ့ကြကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည် ။

နေလင်း(ပြင်ဦးလွင်)

ဓာတ်ပုံ ခရိုင် ၊ ပြန်/ဆက်