အဆိုပါ ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေတက်ဖွယ်ရှိမည့်ကာလမှာ လာမည့် ဩဂုတ် (၃၀) ရက်မှ စက်တင်ဘာ (၅) ရက်အတွင်းဖြစ်ကြောင်း သတိပေးချက်တွင် ဖော်ပြထားသည်။

ရန်ကုန်မြစ်၏ ဒီရေအမြင့်ဟာ အခြေခံရေစစ်မျဉ်းအထက် အမြင့် ပေ (၂၀) ကျော်လွန်သည့်အခါ မြစ်ကမ်းနားဒေသအနီး နေထိုင်ကြသည့် လုပ်သားပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်၍ သတိပေးချက်ထုတ်ပြန်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။ ‌