ထို့နောက် ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက စိုက်ပျိုးရေးလုပ်ငန်း များအတွက် လိုအပ်သည့်ဓာတ်မြေဩဇာများ တင်သွင်းပေးလျက်ရှိမှုကို ရှင်းလင်း တင်ပြသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးများ က နိုင်ငံစီးပွားမြှင့်တင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိစိုက်ပျိုး၊ မွေးမြူ ရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကူညီဆောင် ရွက်ပေးလျက်ရှိမှု၊ ရင်းနှီးမြှုပ်နှံမှုချေးငွေများ ထုတ်ချေးပေးထားမှု၊ ရာဘာနှင့်ဆီအုန်း စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေးသုတေသန လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ သမဝါယမအသင်းများဖွဲ့စည်းဆောင်ရွက်ပေးလျက် ရှိမှု၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရေးဆောင်ရွက်လျက်ရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က လိုအပ်သည်များလမ်းညွှန်မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ကုန်သွယ်မှုနှင့်ပတ်သက်၍ တရားမဝင်ကုန်သွယ်မှုများ တိုက်ဖျက် ရေး ဆောင်ရွက်ရန်လိုကြောင်း၊ နယ်စပ်ကုန်သွယ်မှုများ၌ တရားမဝင်ကုန်သွယ်မှုများ ကြောင့် နိုင်ငံ့ဝင်ငွေများကို ထိခိုက်နစ်နာစေလျက်ရှိကြောင်း၊ ပြည်ပသို့ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် တရားဥပဒေနှင့်အညီ မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်လို ကြောင်း၊ ဥပဒေကိုဖောက်ဖျက်ဆောင်ရွက်မှုများကို ဖော်ထုတ်အရေးသွားယူရန်လို ကြောင်း။

မိမိတို့နိုင်ငံ၏ ဆင်းရဲမွဲတေမှုရာခိုင်နှုန်းကို လျှော့ချနိုင်ရေး ဆောင်ရွက်ရန်လို ကြောင်း၊ ကျေးလက်ဒေသတွင် နေထိုင်သူများပြားပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို အဓိကထားဆောင်ရွက်ကြကြောင်း၊ တစ်ဦးချင်းဝင်ငွေ များပြားမှသာ ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် ဒေသစီးပွားရေးတိုးတက်စေရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုး တက်ရေးဆောင်ရွက်ရာတွင် စာရင်းဇယားများ၌ တိုးတက်ခြင်းထက် လက်တွေ့ တိုးတက်မှုရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး အတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များအားလုံးက ဝိုင်းဝန်းတွန်းအားပေးဆောင်ရွက်ကြရန်လိုကြောင်း။

ပညာရေးနှင့်ပတ်သက်၍ ယခုပညာသင်နှစ်တွင် ကျောင်းတက်ရောက်လျက်ရှိ သည့် ကျောင်းသား၊ ကျောင်းသူများ အားလုံး ပညာရေးဆုံးခန်းတိုင်သည်အထိ ပညာသင်ကြားနိုင်ရေး၊ တန်းစဉ်ကူးပြောင်းမှုများ တိုးတက်စေရေး၊ ကျောင်းနေ ရာ ခိုင်နှုန်းမြင့်မားလာရေး ဝိုင်းဝန်းဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံအတွက် လိုအပ်လျက် ရှိသည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာ ဘာသာရပ်များကို သင်ကြားသည့် ကျောင်းသား၊ ကျောင်းသူများ တိုးတက်လာရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ အနာဂတ်အတွက် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များမွေးထုတ်ပေးနိုင်ရေး ဆရာ၊ ဆရာမများ သာမက မိဘများနှင့်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း အလေး ထား ဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

#Myanmar #Local #News #Digital.

နစက

https://t.me/mlnmedia/70946?singlehttps://t.me/mlnmedia/70946?single

MLND/https://t.me/mlnmedia/70946?single

MUN/https://t.me/munewstv/23482?single

MPN/https://t.me/myanmarpeoplenews/22088?single