မော်လမြိုင် သြဂုတ် ၁၅

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်အခြေခံဦးစီးဌာန မော်လမြိုင်တက္ကသိုလ် စာပေဟောပြောပွဲအခမ်းအနားကို သြဂုတ် ၁၅ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူ မောင်မယ်တို့ အနေနှင့်တက္ကသိုလ်က သင်ပေးလိုက်သော အထူးပြုပညာရပ်များအပြင် ရှေးနှစ်ပေါင်းများစွာ ကတည်းက မြန်မာစာပေများမှာ ရေးသားခဲ့သည့် မိမိ နိုင်ငံ၏ဘာသာတရား၊ စာပေနဲ့ယဉ်ကျေးမှုကို အခြေခံသောဆုံးမစကားများ၊ လိုက်နာရမည အကျင့်၊စောင့်ထိန်း ရမည့်ကျင့်ဝတ်နဲ့ နိုင်ငံအပေါ်ထားရှိရမည့် ခံယူချက်များနဲ့ပတ်သက်လို့ အသိအလိမ္မာတိုးပွားစေလိုကြောင်း၊ လူမှုရေး ဦးတည်ချက်(၃)ချက်အနက် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ် များဖြစ်စေရန်လူငယ် ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေး”ကို ဆောင်ရွက် ရမည်ဟု လမ်းညွှန်မှာကြားခဲ့ရာ ခွန်အားကြီး ငါးရပ်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များ ဖြစ်ကြသည့်မောင်တို့မယ်တို့ အနေနှင့် နိုင်ငံတော်ကြီးကို ခေတ်မီဖွံ့ဖြိုး တိုးတက်သော တိုင်းပြည်ကြီးအဖြစ် တည်ဆောက်ရာမှာ အရေးပါသည့် အခန်း ကဏ္ဍမှာ ရောက်ရှိနေကြောင်း၊ မိမိတို့အောင်မြင်မှုရရှိစေရေးအတွက် မိဘများ၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများမှတိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ ကျောင်းသား/ကျောင်းသူ များကိုအသိအလိမ္မာတိုးပွားစေရန်နှင့် စိတ်ဓာတ် ခံယူချက်များ တိုးတက်မြင့်မားစေရန်အတွက် ဟောပြောမှာဖြစ်လို့ အင်မတန် တန်ဖိုးရှိတဲ့ဟောပြောချက်များ ဖြစ်ပါကြောင်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာစာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာသွင်သွင်အောင်က ပောာပြောမည့် ဆရာမကြီးနှင့်ဆရာကြီး ပ တို့၏ ကိုယ်ရေးအတ္တုပ္ပတ္တိများ ကိုဖတ်ကြားတင်ပြပြီး၊ ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်ခင်ဆွေမြင့် (ကလောင်အမည် ရွှေယင်းမာ ရန်ကုန်တက္ကသိုလ် နှင့်ခင်ဆွေမြင့် မြန်မာစာ) က “စာပေထဲက မြန်မာ့အလှ” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆရာကြီးဦးယုမောင် (ကလောင်အမည် မောင်လူမွှေး မြန်မာစာ) က “ရှင်မဟာရဋ္ဌသာရ နှစ် ၅၅၅ နှစ်ပြည့်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခြင်းကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တက်ရောက်အားပေးခဲ့ကြသည်။

ဆက်လက်၍ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်မှ ဟောပြောပေးသည့် ဆရာမကြီးနှင့် ဆရာကြီးတို့အား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပြီး၊ တက်ရောက် လာသူများအား ဂုဏ်ပြုနေ့လည်စာဖြင့်ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရှိရသည်။

R/023( မော်လမြိုင်)

#Myanmar #Local #News #Digital.

https://t.me/mlnmedia/71178?singlehttps://t.me/mlnmedia/71178?single