မြန်အောင် သြဂုတ် ၄

    ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ် (၁)ရပ်ကွက် မကျီးစုတာကြီးတန်းတွင် ယမန်နေ့နံနက်က ဧရာဝတီမြစ်ရေကျဆင်းပြီး မြစ်ရေတိုက်စား သဖြင့် မြစ်ကမ်းဘေးအနီးနေအိမ်(၅)လုံး ကြိုတင်ပြောင်းရွေ့ခဲ့ကြောင်း သိရသည်။

အဆိုပါ နေအိမ်(၅)လုံး ပြောင်းရွှေ့ရာသို့ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးနှင့်အဖွဲ့က သွားရောက်၍ လိုအပ်သည်များပံ့ပိုး ကူညီပြီး ကြိုတင်ရွှေ့ပြောင်းသည့် အိမ်ထောင်စုများအား ဧရာဝတီမြစ်ကမ်းထိန်းလုပ်ငန်း ရှင်းလင်းဆောင်တွင် ယာယီပြောင်းရွှေ့ပေးခဲ့သည်။
ဧရာဝတီမြစ်ရေကျဆင်းပြီး မြစ်ရေတိုက်စားသဖြင့်မြစ်ကမ်းဘေးအနီးနေအိမ်(၅)လုံးမှ ကျား/မ စုစုပေါင်း (၁၉)ဦး ပြောင်းရွှေ့ခဲ့ရပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရ သည်။ 

R/045( မြန်အောင်)

Myanmar #Local #News #Digital.