မူဆယ် စက်တင်ဘာ ၅

           ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်မြို့ရှိ နယ်စပ်လူဝင်/ထွက်ဂိတ်များနှင့် ကူးသန်းရောင်းဝယ်ရေး နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ကိုဗစ်-၁၉ရောဂါပြန့်ပွားမှုကြောင့် ၂၀၂၁ခုနှစ်၊မတ်လကုန်ပိုင်းမှ စ၍ နှစ်နိုင်ငံလူဝင်/ထွက်နှင့်ကူသန်းရောင်းဝယ်မှုတို့အား ခတ္တယာယီပိတ်ထားခဲ့ပြီး ၂၀၂၃ခုနှစ်၊ဇန်နဝါရီလမှ စ၍ ကူးသန်းရောင်းဝယ်ခြင်းနှင့် လူဝင်/ထွက်ဂိတ်များကို နှစ်နိုင်ငံဝင်/ထွက်စာအုပ်(BP)စာအုပ်များအား စတင်ပြု လုပ်ပေးခဲ့ကာ  ဝင်/ထွက်သွားလာနိုင်ခဲ့သည်ဖြစ်ရာ ယမန်နေ့နေ့လည်(၁၂:၀၀)နာရီမှ စ၍ မြန်မာနိုင်ငံ မည့် သည့်ဒေသမှ ပြည်သူကိုမဆို ဝင်/ထွက်သွားလာနိုင်သော တရားဝင်(၆)ညအိပ် (၇)ရက်နေထိုင်သွားလာခွင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်ကတ်ပြား(TBP)-တစ်ခါသုံးကဒ်များကို စတင်ပြုလုပ်ဆောင်ရွက်လျက်ရှိရာ တစ်ခါသုံးကဒ်ဖြင့် နယ်စပ်ဂိတ် များမှ ဝင်/ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။ 
           မူဆယ်မြို့၊မြန်မာ-တရုတ်နှစ်နိုင်ငံလူဝင်/ထွက်ဂိတ်များဖြစ်သော နန်းတော်ဂိတ်နှင့်ဆင်ဖြူဂိတ် တို့မှ ၂၀၂၃ခုနှစ်၊နှစ်ဦးပိုင်းတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့်ပြန့်ပွားမှုကို ကောင်းစွာ ဟန့်တားထိန်းချုပ်နိုင် ပြီးဖြစ်၍ နယ်စပ်အဓိကအချက်အချာမြို့များဖြစ်သော မူဆယ်မြို့နှင့်နမ့်ခမ်းမြို့တို့တွင် နေထိုင်ကြောင်း အိမ်ထောင်စုဇယားရှိသူများကိုသာ  နှစ်နိုင်ငံဝင်/ထွက်စာအုပ်(BP)များကို စတင် ပြုလုပ်ဆောင်ရွက်ပေးကာ ဝင်/ထွက်သွားလာနိုင်ခဲ့ပြီး ယနေ့ စက်တင်ဘာ(၄)ရက်နေ့တွင် မည့်သည့်ဒေသမှမဆို ပြည်သူအားလုံး နိုင်ငံ သားစီစစ်ရေးကဒ်ပြားဖြင့် တရားဝင်(၇)ရက်နေထိုင်သွားလာခွင့် နှစ်နိုင်ငံဝင်/ထွက်ကဒ်များ စတင်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားတိုင်း မိမိ၏နိုင်ငံသားစီစစ်ရေးကဒ်အမှတ်(EID) မှန်ကန်ပါက တစ်ခါသုံး နှစ်နိုင်ငံဝင်/ထွက်ကဒ်(TBP)များကို အဝင်/အထွက်စာရွက်စာတမ်းဝန်ဆောင်ခ မြန်မာကျပ်ငွေ(၁၀၀၀) ကျပ် ဖြင့် နယ်စပ်လူဝင်/ထွက်ဂိတ်များရှိ လူဝင်မှုကြီးကြပ်နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြုလုပ်ဆောင်ရွက် ပေးကာ တစ်ခါသုံးကဒ်ဖြင့် စတင်ဝင်/ထွက်သွားလာနိုင်ပြီဖြစ်သည်။အဆိုပါ တစ်ခါသုံးဝင်/ထွက်ကဒ်(TBP) များဖြင့် နန်းတော်ဂိတ်နှင့်ဆင်ဖြူဝင်ဂိတ်တို့တွင် သွားလာဝင်/ထွက်နိုင်ပြီဖြစ်ပြီး မန့်ဝိန်းဂိတ်မှလည်း ကုန်တင်ယာဉ်မောင်းတစ်ဦးသာ ယာယီတစ်ခါသုံးကဒ်(TBP)ကို ပြုလုပ်ပေးနေကြောင်း သိရသည်။

           ထိုသို့ (၇)ရက်နေထိုင်သွားလာခွင့်နှစ်နိုင်ငံဝင်/ထွက် တစ်ခါသုံးကဒ်များ ပြုလုပ်ဆောင်ရွက်ပေးနေ မှုတို့ကို ခရိုင်၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်း နှင့်တကွ နယ်စပ်ဂိတ်လဝကဒုတိယဌာနခွဲမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေမိုး၊မူဆယ်မြိုနယ်ဦးစီး မှူး ဦးစန်းလွင်တို့က နယ်စပ်ဂိတ်များကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို မှာကြား ခဲ့ကာ တစ်ခါသုံးကဒ်ဆောင်ရွက်ရာတွင် အလွယ်တကူ မြန်ဆန်ထိရောက်မှုရှိစေရေးနှင့် လက်ရှိဝင်/ထွက် သွားလာကြမည့် ပြည်သူများအား ကဒ်ပြုလုပ်ဆောင်ရွက်မှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကြီး ကြပ်ခဲ့ကြောင်း သိရှိရပါသည်။ 

R/099(မူဆယ်)

https://t.me/mlnmedia/71943?single