မူဆယ် သြဂုတ် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်ခရိုင်၊မူဆယ်မြို့နယ်တွင် ဒီကနေ့ သြဂုတ်လ(၇)ရက်နေ့၊ နံနက်ပိုင်းတွင် ဖုံး၊ သွန်၊ လဲ၊ စစ်၊ လုပ်ငန်းများ၊ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများ၊ သွေးလွန်တုတ်ကွေးရောဂါအကြောင်းအသိပညာပေးခြင်းများနှင့်လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းလုပ်ငန်းများကိုအရှန်အဟုန်မြှ့င့်ဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မူဆယ်ခရိုင်၊မူဆယ်မြို့နယ်၊ မိုင်းယု(၁၀၅)မိုင်၊ကြက်ခြေနီအသင်းခွဲမှတပ်ခွဲမှူး ဦးသန့်ဇင် ဦးဆောင်သည့်ကြက်ခြေနီစေတနာ့လုပ်အားရှင်များနှင့် မန့်ဟန်ကျေးရွာရှိရပ်မိရပ်ဖများ၊ မန်ကန်ကျေးရွာရှိရပ်မိရပ်ဖများနှင့်ပန်းတောင်ကျေးရွာရှိရပ်မိရပ်ဖများပူးပေါင်းကာ အဆိုပါကျေးရွာများအတွင်းရှိ ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့်စာသင်ကျောင်းများအပါအဝင် လူနေအိမ် စုစုပေါင်း(၂၀၀)ကျော်နှင့်ဈေးဆိုင်ခန်များအား တအိမ်တက်တအိမ်ဆင်း ခြင်ဆေးများပက်ဖြန်းပေးခြင်း၊ ရေမြောင်းများ၊ ချုံနွယ်များရှင်းလင်းပေးခြင်း၊နှင့်ခြင်အန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရေးအတွက် လူတိုင်းသွက်လက်စွာ ရေစုရေအိုင်ရှင်းထုတ်၍ ခြင်နှိမ်နှင်းခြင်းဖြင့်သွေးလွန်တုတ်ကွေးရောဂါ ချီကန်ဂန်ညာ(ဆင်တုတ်ကွေး)ရောဂါ ဇီကာ(Zika Virus)ရောဂါတို့ကို ကာကွယ်ကြစို့လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့်အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

သန့်ဇင် မူဆယ်