မူဆယ်   ဩဂုတ် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်မြို့၌ ၂၀၂၃ခုနှစ်၊ခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဖလားလက်ဝှေ့ပြိုင်ပွဲကို ဒီကနေ့ သြဂုတ်
နေ့လည် (၂း၀၀)အချိန်ခန့်က မူဆယ်မြို့၊မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပခဲ့သည်။
  ရှေးဦးစွာ ၂၀၂၃ခုနှစ်၊ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဖလား လက်ဝှေ့ပြိုင်ပွဲတွင် ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အသင်းများနှင့်ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်း၌ နေရာယူခဲ့ကြ ပြီးမူဆယ်
ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက အားကစားနှင့်ကာယပညာရပ်များကို ပိုမိုတိုးတက်
ဖွံဖြိုးလာစေရန်ဝိုင်းဝန်းကြိုပမ်းဆောင်ရွက်ကြရန်နှင့်အဆင့်ဆင့်နည်းပြများအနေဖြင့် ပိုမိုတိုးတက်သော အားကစားနည်းစနစ်ကောင်းများကို ဆက်လက်သင်ကြားပို့ချရန် အပြင် လေ့ကျင့်သင်ကြားနေသောအားက
စားဝါသနာရှင်များအနေဖြင့်လည်း မြန်မာ့အားကစားကို ယခင်ထက် ပိုမိုထိုးဖောက်နိုင်ရန်အတွက် ကြိုးစားကြရန် အဖွင့်အမှာစကားအနေဖြင့် အားပေးစကားပြောကြားပေးခဲ့ပါသည်။ယင်းနောက် ကော်မတီဥက္ကဌဖလားလက်ဝှေ့ပြိုင်ပွဲသို့ တက်ရောက်အားပေးကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိကြသူများ၊မူဆယ်ခရိုင်အတွင်းရှိ အားကစားဝါသနာရှင်မိဘပြည်သူများ နှင့်လက်ဝှေ့ပြိုင်ပွဲကို လာရောက်အားပေးကြသော ဒေသခံဧည့်ပရိတ်သတ်များ
ကျန်းမာရေးဝန်ထမ်းများနှင့်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ လူမူ့ကူညီရေးအသင်းအဖွဲ့များက လေးစားစွာဖြင့် ခေတ္တမတ် တပ်ရပ်ပေး၍  ဝင်ရောက်ယှဉ်ပြိုင်ကြသော ပြိုင်ပွဲဝင်ကစားသမားများက အားကစားအဓိဌာန်ရွက်ဆိုခဲ့ကြပါ သည်။
ဆက်လက်ပြီး ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌနှင့်တကွ ဌာနဆိုင်ရာအကြီးများက ပြိုင်ပွဲဝင်ကစားသမားများအား လိုက်လံန
ှုတ်ဆက်ခဲ့ကာ ပြိုင်ပွဲမစတင်မှီ အကအလှ ပဒေသာများနှင့် ကပြ ဖျော်ဖြေခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများ၏ အားကစားသမားများ အလှည့်ကျ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ယင်း ကော်မတီဥက္ကဌဖလားလက်ဝှေ့ပြိုင်ပွဲကြီးအား မူဆယ်ခရိုင်အတွင်းရှိ မန်ဂျယ်အသင်း၊ပန်ဆေးအသင်း၊ ဟိန်းရှင်းအသင်း၊T.M.H Star(တာမိုးညဲ)အသင်း၊နမ့်ခမ်းမြို့မအသင်း၊လုံထန်အသင်း၊ တော်ဝင်ထျန်းရီအသင်း နှင့် Energy-အသင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အသင်းစုစုပေါင်း(၈)သင်းနှင့်ပြိုင်ပွဲဝင်ကစား သမား(၆၄)ဦးတို့က ဩဂုတ်လ(၅)ရက်နေ့မှ(၉)ရက်နေ့အထိ (၅)ရက်တိုင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ထို့အပြင် ဩဂုတ်လ(၉)ရက်နေ့တွင်နောက်
ဆုံး(final)အဆင့်အထိ တက်ရောက်သောအသင်း(၈)သင်းအား ထပ်မံယှဉ် ပြိုင်စေလျက် ပထမဆု၊ဒုတိယဆု၊တတိယဆု၊ပူးတွဲတတိယဆု၊တံခွန်စိုက်ဒိုင်းဆုကြီး၊ အကောင်းဆုံးအားကစားသမားဆုနှင့်နည်းပြအကောင်းဆုံးဆုများကို အသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရပြီး အဆိုပါ လက်ဝှေ့ပြိုင်ပွဲတွင် အားကစားသမားများ၏ကျန်းမာရေးကူညီစောင့်ရှောက်မူ့ကို မူဆယ်ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများနှင့်မူဆယ်မြို့နယ်မိုင်းယု(၁၀၅)မိုင် ခုတင် ၁၀၀၀ ကိုဗစ်ကုသရေးစင်တာမှ ဒေါက်တာအောင်ရဲကျော်နှင့်သူနာပြုဆရာမများကပြိုင်ပွဲအစမှပြီးဆုံးသွားသည်အထိကူညီစောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
      
သန့်ဇင် မူဆယ်