ပြင်ဦးလွင် သြဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့၊ရကက(၆)၊ချယ်ရီလမ်း၊K -one (KTV)အနီး၊ ပိတောက်ဝါ(Electronic)ရှေ့တွင်၁၉-၈-၂၀၂၃ရက်နေ့ည(၉:၀၀)ဝန်းကျင်က ဖင်တရွတ်ဆွဲတောင်းရမ်းစားသူ(အနီးအနားပတ်ဝန်းကျင်ပြောကြားချက်အရ) (၁)ဦးအားကားတစ်စီးမှ တိုက်၍ ထွက်ပြေးသွားပါတယ်။
တိုက်ခံရသူမှာ အခင်းဖြစ်ရာနေရာ၌ ပွဲချင်းပြီး
သေဆုံးသွားသောကြောင့် သန္တိသုခ (အခမဲ့) လူမှုကူညီရေးအသင်းမှ ပြည်သူ့ဆေးရုံကြီး OPDသို့ ပို့ဆောင်ကူညီခဲ့ပြီး တာဝန်ကျ ဝန်ထမ်းများ၏ခွင့်ပြုချက်ဖြင့် ရင်ခွဲရုံသို့ ဆက်လက်ပို့ဆောင်
ကူညီခဲ့ပါတယ်။
“သေဆုံးသူမှာ ဆွေမျိုး/မျိုးနွယ်စုများ မသိရှိသေး
၍ ဝိုင်းဝန်းကူညီစုံစမ်းပေးဖို့လည်းလိုပါတယ်။
Informationအတွက် Facecoverမလုပ်ထားခြင်းကို သည်းခံပေးဖို့ Postuploderအနေနဲ့မေတ္တာရပ်
ခံအပ်ပါတယ်”ဟု သန္တိသုခအခမဲ့လူမှုကူညီရေးအသင်း၏ facebookစာမျက်နှာတွင်ရေးသားထားပါသည်။

နေလင်း(ပြင်ဦးလွင်)

ဓာတ်ပုံ သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်း

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *