မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်၊ ငြိမ်းချမ်းသာဇံအုပ်စု၊ နွယ်နီကျေးရွာတွင် သြဂုတ် ၉ရက် ည ၁၁နာရီ ၄၄မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒေါ်ဇင်မာလွင်(၂၆)နှစ်၏ (၁၅’×၁၈’)ပေ သွပ်မိုး၊ ထရံကာ(၂)ထပ် လူနေအိမ်တွင် ပလပ်စတစ်အဝတ်ပုံးပေါ်၌ အောက်ခံခွက်မပါဘဲ ခြင်ဆေးခွေတင်ထွန်းရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်ရာသို့ ပုသိမ်ကြီးမြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့် ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီးဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ နံနက် ၁၂နာရီခန့်တွင် မီးလုံးဝငြိမ်းခဲ့ကြောင်းသိရသည်။

#AmarapuraNews