ဇူလိုင်(၂၅)၊မန္တလေး

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊၆၂
လမ်း၊၂၄လမ်းနှင့်၂၅လမ်းကြားရှိ ဂျီဝမ်း ဆေးဆိုင်တွင် ဇူလိုင်လ၂၄ရက်ည ၈နာရီခွဲ ခန့်က ရွှေနှင့်ငွေ ကာလတန်ဖိုးကျပ်သိန်း ၁၀၀၀ခန့်ဓားပြတိုက်ခံခဲ့ရကြောင်း ဒေသခံ  သိရသည်။

“ဟုတ်ပါတယ်။မနေ့ညကဖြစ်သွားတာပါ။
ဆေးဆိုင်ကလူတွေ ဆိုင်သိမ်းပြီး အိမ်ပြန်
မလို့လုပ်တုန်း ဓားပြအဖွဲ့က ကားတစ်စီး
နဲ့ ရောက်လာပြီးဆိုင်ရှင်နဲ့အလုပ်သမား တွေကို ချိန်းခြောက်ပြီးဓားပြတိုက်သွားတာပါ။
ရွှေငွေတွေအပါအဝင်သိန်း၁၀၀၀ဖိုးလောက်
ပါသွားပါတယ်´´ဟု နယ်မြေခံတစ်ဦးကပြော သည်။

ဖြစ်စဉ်မှာ ဇူလိုင်လ၂၄ရက်ည၈နာရီ ၃၀ မိနစ်က ၊အောင်မြေသာစံမြို့နယ်၊၆၂လမ်း၊ ၂၄ လမ်းနှင့်၂၅လမ်းကြားရှိ ဂျီဝမ်းဆေးဆိုင် တွင်ဆိုင်ပိုင်ရှင်ဦး…နှင့်ဆိုင်အလုပ်သ မားတို့သည်ဆေးဆိုင်ပိတ်ရန်ပြင်နေစဉ်  Honda Fitအဖြူရောင်ယာဉ်(နံပါတ်စိစစ် ဆဲ)ဖြင့် အမျိုးသား၅ဦးတို့သည် သေနတ် အ ရှည်၂လက်၊အတိုတစ်လက်တို့ ကိုင် ဆောင်ကာ ရောက်ရှိလာပြီး ဆေးဆိုင်မှ လူများအား သေနတ်ပြချိန်းခြောက်၍ လက်ပြန်ကြိုးတုပ်မှောက်ခိုင်းကာ ဆေး ဆိုင်ရောင်းချငွေများအပါအဝင် ရွှေလက် ကောက်၁၀ကွင်း၊ရွှေနားကပ်၆ရံ၊ရွှေဘ ယက်နှင့်ရွှေတုံး၁တုံး ကာလတန်ဖိုးငွေ စုစုပေါင်း ကျပ်သိန်း၁၀၀၀ခန့်ကို လုယက်ယူ
ဆောင်ပြီး ၎င်းတို့စီးနင်းလာသည့် အဖြူ
ရောင်Honda Fitယာဉ်ဖြင့်မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။