မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ ၂၆×၂၇ လမ်းကြား၊ ၇၁ လမ်းရှိ မြို့တော်ခန်းမတွင် သြဂုတ်လ ၁၁ ရက်နေ့မွန်းလွဲ၂နာရီမှ ၂နာရီ၄၅မိနစ်အထိ နိုင်ငံဂုဏ်ဆောင်အားကစားသမားများနှင့်အောင်ပွဲရအားကစားအသင်းများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ် ပြုပွဲအခမ်းအနားကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်
(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသ
ကြီးမှ နိုင်ငံ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံ ခဲ့ရပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် အားက စားသမားများနှင့် ၂၀၂၃ ခုနှစ် မေလ မှ ဇူလိုင်လအထိ ကျင်းပပြုလုပ်ခဲ့သော ပြည် နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲ များတွင် အောင်ပွဲရ အားကစားအသင်းများ ကို ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းမှာ (၄၉၂၅၀၀၀၀)ကျပ်ချီးမြှင့် ဂုဏ်ပြုခဲ့သည့် အပြင် ဂုဏ်ပြုလက်ဖက်ရည်ပွဲဖြင့်လည်း တည်ခင်းဧည့်ခံခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၃ခုနှစ် ဇွန် လ (၃) ရက်နေ့မှ (၉) ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့သော(၁၂)ကြိမ်မြောက်အာဆီယံ မ သန်စွမ်းသူများအားကစားပြိုင်ပွဲ၌ မန္တလေး တိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရသူများအနေဖြင့် ရွှေတံဆိပ် (၃) ဆု၊ငွေတံဆိပ် (၁) ဆုနှင်ကြေးတံဆိပ်(၄)
ဆု၊တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ၊ အသက်
(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ၊ မန္တလေးမြို့တွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့သည့်  အသက်(၁၈)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ၊ ဗိုဗီနမ်ပြိုင်ပွဲ၊ ဖူ ဆယ်ပြိုင်ပွဲ နှင့် ရန်ကုန်မြို့တွင် ကျင်းပပြု လုပ်ခဲ့သည့် ကာ ယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင် ပွဲရရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီး အား ကစားအသင်းများသည် ရွှေတံဆိပ် (၂၅) ဆု၊ ငွေတံဆိပ်(၈)ဆု၊ ကြေးတံဆိပ်(၁၉) ဆု ဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလား(၂)ခု၊ အမျိုး သားတံခွန်စိုက်ဆုဖလား(၃) ခု၊ အမျိုးသမီး တံခွန်စိုက် ဆုဖလား(၂)ခု တို့ကို ဆွတ်ခူးရရှိ ခဲ့ကြောင်း သိရသည်။