မန္တလေးတွင် နာမည်ကျော် Tit Tok Cele
တစ်ဦးဖြစ်သည့် ဇော်ဝင်းမောင်ဟာ နစက
ဥက္ကဋ္ဌအမည်ပါသည့် Tit Tok ဗီဒီယို ဖိုင်တစ်ခုပို့စ်တင်ခဲ့သောကြောင့် ဇူလိုင်လ ၂၆ရက်က နစကက ဖမ်းဆီးခဲ့ကြောင်း ဇော်ဝင်းမောင်နှင့်နီးစပ်သူများထံမှ သိရသည်။

Cele ဇော်ဝင်းမောင် ဖမ်းဆီးခံခဲ့ရတဲ့ ကိစ္စ မှာနိုင်ငံအကြည်ညိုပျက်စေမှုဖြင့် ပုဒ်မ ဖြင့် အရေးယူမည်ဟုသီရသည်။

ဇော်ဝင်းမောင်ဟာ မကြာသေးမီကလည်း လယ်ယာမြေများကို သူရဲ့ လူမှုကွန်ယက်စာ
မျက်နှာများပေါ်တွင် အရောင်းအဝယ် ကြော်ငြာပေးခဲ့ပြီး လယ်ယာမြေပြဿနာများ ဖြစ်ပေါ်လာချိန်တွင် တာဝန်ယူတာဝန်ခံ မှု မရှိသဖြင့် ပရိသတ်သတ်ရဲ့ ဝေဖန်ကိုခံခဲ့ရ သေးကြောင်းလည်း သိရသည်။