မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ်၊လ
မိုင်းကျေးရွာအုပ်စု၊ကျောက်တံတားကျေးရွာ
က ရွှေတံတားလူမှုကူညီရေးအသင်း ဥက္ကဋ္ဌဦးမြင့်(၆၆နှစ်)မှာ သြဂုတ်လ၁၂ ရက်နေ့နံနက်၇နာရီက သေနတ်ဖြင့်ပစ်သတ် ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“ဘာရည်ရွယ်ချက်နဲ့ ပရဟိတလုပ်ငန်းတွေ
လုပ်နေတဲ့ လူမှုရေးအသင်းဥက္ကဋ္ဌကို အခုလိုလာသတ်သွားရတာလဲ မသိဘူးဗျာ။ အသတ်ံလိုက်ရတဲ့သူက ပရဟိတသမား တစ် ယောက်ဖြစ်လို့ ရပ်ရွာအတွက် အရမ်းနစ်နာ ပါတယ်´´ဟု ဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ သြဂုတ်လ၁၂ရက်နေ့နံနက်၇နာ ရီက မတ္တရာမြို့နယ်၊လမိုင်းကျေးရွာအုပ်စု၊
ကျောက်တံတားကျေးရွာရှိ ရွှေတံတားလူ မှုကူညီရေးအသင်းဥက္ကဋ္ဌဦးမြင့်(၆၆ နှစ်)သည်အသင်းရုံးရှေ့တွင်တစ်ဦးတည်း ထိုင်နေစဉ်ဆိုင်ကယ်၂စီးဖြင့် အမည်မသိ အမျိုးသား၄ဦးရောက်ရှိလာပြီး ဦးမြင့်အား သေနတ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့ရာ ဦးမြင့်မှာ ဦးခေါင်းထိပ်မှ မျက်နှာကျည် ဖောက်ထွက် ဒဏ်ရာ ၁ချက်၊ယာဂျိုစောင်း မှ နဖူးကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ နောက်စေ့မှ နှာခေါင်းရိုး အလယ်တည့် တည့် ကျည်ဖောက်ထွက်ဒဏ်ရာ ၂ ချက်၊ ဝဲ-လည်ပင်းမှ ယာပုခုံးကျည်ဖောက် ထွက် ဒဏ်ရာ ၁ ချက်၊ယာ-လည်ပင်းမှ ဝဲဂျိုင်း အောက် ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက် တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

Photo– PAN

LocalNews

TheMandalayTimes

လူမှုရေးအသင်းဥက္ကဋ္ဌ

သေနတ်ဖြင့်ပစ်သတ်ခံရ

ကျောက်တံတား

မတ်တရာ

မန္တလေးတိုင်းဒေသကြီး

Zawgyi

မတ္တရာမြို့နယ်ကရွှေတံတားလူမှုကူညီရေး အသင်းဥက္ကဋ္ဌ သေနတ်ဖြင့် ပစ်သတ်ခံရ
သြဂုတ်(၁၂)၊မတ္တရာ



ကျောက်တံတားကျေးရွာရှိ ရွှေတံတားလူ မှုကူညီရေးအသင်းဥက္ကဋ္ဌဦးမြင့်(၆၆ နှစ်)သည်အသင်းရုံးရှေ့တွင်တစ်ဦးတည်း ထိုင်နေစဉ်ဆိုင်ကယ်၂စီးဖြင့် အမည်မသိ အမျိုးသား၎ဦးရောက်ရှိလာပြီး ဦးမြင့်အား သေနတ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့ရာ ဦးမြင့်မှာ ဦးခေါင်းထိပ်မှ မျက်နှာကျည် ဖောက်ထွက် ဒဏ်ရာ ၁ချက်၊ယာဂျိုစောင်း မှ နဖူးကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ နောက်စေ့မှ နှာခေါင်းရိုး အလယ်တည့် တည့် ကျည်ဖောက်ထွက်ဒဏ်ရာ ၂ ချက်၊ ဝဲ-လည်ပင်းမှ ယာပုခုံးကျည်ဖောက် ထွက် ဒဏ်ရာ ၁ ချက်၊ယာ-လည်ပင်းမှ ဝဲဂျိုင်း အောက် ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက် တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

Photo– PAN

LocalNews

TheMandalayTimes


သေနတ်ဖြင့်ပစ်သတ်ခံရ

ကျောက်တံတား

မတ်တရာ


Web Link
https://themandalaytimes.com/%e1%80%99%e1%80%90%e1%80%b9%e1%80%90%e1%80%9b%e1%80%ac%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba%e1%80%80-%e1%80%9b%e1%80%bd%e1%80%be%e1%80%b1%e1%80%90%e1%80%b6%e1%80%90/