ကိုဗစ် (၁၉) ရောဂါကြောင့် ရပ်နားထားသည့် မြသလွန် စေတီတော်မြတ်ကြီး၏ (၂၅၈၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လဆန်း (၁၀) ရက်မှ သီတင်းကျွတ် လပြည့်ကျော် (၁၄) ရက်ထိ(အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာ (၁၂) ရက်အထိ)ရက်(၂၀)ကြာကျင်းပသွားမည်ဟုသိရှိရသည်။

မြသလွန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်အား နှစ်စဉ် သီတင်းကျွတ်လဆန်းပိုင်းမှသီတင်းကျွတ်လပြည်ကျော်အထိ ဒေသစုံမှလာရောက်သည့် ဈေးရောင်း၊ ဈေးဝယ်များ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသူများနှင့်စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ထိုသို့ ကျင်းပခဲ့ခြင်းအား ၂၀၁၉ ခုနှစ်ထိကျင်းပခဲ့ပြီး ကိုဗစ်(၁၉)ရောဂါကြောင့် ပွဲတော်ကျင်းပမှုအားရပ်နားထားကာ ယခုနှစ်တွင်မှပြန်လည်ကျင်းပရန် တာဝန်ရှိသူများက စီစဥ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။