ပြင်ဦးလွင် စက်တင်ဘာလ ၁၉

ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် နှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ် များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်ရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အောင်ပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို စက်တင်ဘာ ၁၈ရက်နေ့ နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့နယ် ၊ အနီးစခန်းရှိ အောင်ပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်း၌ကျင်းပသည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုယ်စား အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင် က လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က Moderator အဖြစ်ဆောင်ရွက် ပြီး အောင်ပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူများဖြစ်သည့် မစုလှိုင်သင်း “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ မောင်ပြည့်ဖြိုးဟိဏ်းက “ လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဇွဲလင်းထက် က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဘုန်းခန့်ကျော် က “ လူငယ်နှင့် ဆိုရှယ်မီဒီယာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမီမီဖြိုးက “ လူငယ်နှင့် နည်းပညာ” ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးကာ အောင်ပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ မြန်မာစာ ဆရာမ ဒေါ်လွင်မျိုးထွန်း က ဖြည့်စွက်ဆွေးနွေးသူအဖြစ် ဆောင်ရွက်သည်။

ဆက်လက်ပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား/သူများက လူငယ်စကား တွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည်များကို ပြန်လည်ဖြည့်စွက် ဆွေးနွေးမေးမြန်းခဲ့ကြပြီး စာရေးဆရာ ကိုရွှေအောင်သင်း က လူငယ်များစိတ်ဓာတ် ခွန်အားဖြစ်စေမည့် အသိပညာဗဟုသုတများ ဖြည့်စွက်ဟောပြော ဆွေးနွေးသည်။

ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်း က ဂုဏ်ပြု မှတ်တမ်းတင် လက်မှတ်များပေးအပ်ပြီး စာရေးဆရာ ကိုရွှေအောင်သင်းက အောင်ပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်းစာကြည့်တိုက်အတွက်သုတ/ရသစာအုပ်များ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ချုပ်သူ ဆရာကြီးဒေါက်တာဇော်ထိုက် က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း၊ ဦးစိုင်းအောင်ကြည် နှင့် ပြင်ဦးလွင်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူး ဦးကျော်လွင်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင် နှင့် တာဝန်ရှိသူများ၊ စာရေးဆရာကိုရွှေအောင်သင်း ၊ ပြင်ဦးလွင်မြို့နယ် သတင်းစာဆရာအသင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေ၊ အောင်ပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်းအုပ်ချုပ်သူ ဒေါက်တာဇော်ထိုက် နှင့် တာဝန်ခံဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီး တွင် ပြင်ဦးလွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်များ၊ နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

နေလင်း(ပြင်ဦးလွင်)

ဓာတ်ပုံ (ခရိုင် ၊ ပြန်/ဆက် )