နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင် ဆောင်ရွက်ရေး ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တန်ခူးခင်ကိုယ်ပိုင်ကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း နှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ကျောင်းခန်းမ၌ ကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင် နှင့် တာဝန်ရှိသူများ၊ စာရေးဆရာ ကိုရွှေအောင်သင်း၊ တန်ခူးခင်ကျောင်းတည်ထောင်သူ ဆရာမကြီး ဒေါ်တူတူဝင်း နှင့် ဆရာ/ဆရာမများ ၊ ကျောင်းသားကျောင်းသူများ စုံလင်စွာ တက်ရောက်သည်။

ရှေးဦးစွာ တန်ခူးခင် ကိုယ်ပိုင်ကျောင်းတည်ထောင်သူ ဆရာမကြီး ဒေါ်တူတူဝင်း က အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင် က လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် စာရေးဆရာ ကိုရွှေအောင်သင်း က “ အနာဂတ်ကို ပိုင်စိုးမည့်သူများ” ခေါင်းစဉ်ဖြင့် သုတ/ရသ ဆိုင်ရာများကို ဟောပြောဆွေးနွေးပြီးနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က Moderator အဖြစ်ဆောင်ရွက်ပြီး တန်ခူးခင်ကိုယ်ပိုင်ကျောင်းမှ မြန်မာစာဆရာ ဦးခင်မောင်ရည် က ဖြည့်စွက်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ တန်ခူးခင်ကိုယ်ပိုင်ကျောင်း မှ ကျောင်းသား/ကျောင်းသူများ ဖြစ်ကြသည့် မထက်ယွန်းနဒီ က “လူငယ်နှင့် စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ မောင်ထက်ပိုင်ဖြိုးက “ လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမေနဒီဦး က “လူငယ်နှင့် ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ မောင်ဝင်းမြတ်ဦး “ လူငယ်နှင့်နည်းပညာ“ ခေါင်းစဉ်ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား/သူ များက လူငယ်စကားတွင်ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့၏ အတွေးအမြင်များကို ထပ်မံဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသောကျောင်းသား၊ ကျောင်းသူများ အား ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင် က ဂုဏ်ပြုမှတ်တမ်းတင်လက်မှတ်များ ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တန်ခူးခင်ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်များအား ကျောင်းသား /ကျောင်းသူ များက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်းသိရသည်။

နေလင်း(ပြင်ဦးလွင်)

ဓာတ်ပုံ (ခရိုင် ၊ ပြန်/ဆက် )