ဖျာပုံ သြဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်၊ကျုံတာရှမ်းကွင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၅၇-A)၊ ဦးပိုင်အမှတ်(၁၇/၃)၊ ရှိ ဦး‌နေမျိုးဝင်း၏ လယ်မြေ(၁၀)ဧကပေါ်တွင် ၂၀၂၃-၂၀၂၄ခုနှစ်၊ မိုးစပါးလျာထားဧက အပြည့်အဝ စိုက်ပျိုးနိုင်ခြင်းအတွက် မိုးစပါး ရေတော်မိုးတော်ထွန်တုံး ပိတ်ပွဲ ကိုသြဂုတ်လ (၁၁)ရက်နေ့ နံနက် (၉)နာရီခွဲ အချိန်ကအဆိုပါ ကျေးရွာတွင် ပြုလုပ်ဆောင်ရွက်သည်။

ထိုသို့ မိုးရာသီထွန်တုံးပိတ်ပွဲ ပြုလုပ်ရာတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးနိုင်လင်း၊ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ထားမောင်၊ခရိုင်/မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေး  ဦးစီးဌာန၊ဦးစီးမှူးဒေါ်ဥမ္မာအေးနှင့်ဝန်ထမ်းများ၊ကျုံတာရှမ်းကွင်းကျေးရွာရှိ တောင်သူများ တက်ရောက်ခဲ့ကြပြီး၊ကျုံတာရှမ်းကွင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၅၇-A)၊ ဦးပိုင်အမှတ်(၁၇/၃)၊ ရှိ ဦး‌နေမျိုးဝင်း၏ လယ်မြေ(၁၀)ဧကပေါ်တွင် ပြုလုပ်ကြသည်။

ဖျာပုံမြို့နယ်အနေဖြင့် ၂၀၂၃- ၂၀၂၄ ခုနှစ် မိုးစပါးရာသီ စိုက်ပျိုးဧက (၂၁၀၅၅၆)ဧကနှင့် ရေတော်မိုးတော် ဧက(၁၅၀၃၁၇)တစ်ဧက ဆယ်တင်း တိုးထွက်ရှိရေး လျာထားစိုက်ပျိုးလျက်ရှိကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရှိရသည်။

R -026 (ဖျာပုံ)

#Myanmar #Local #News #Digital.

https://t.me/mlnmedia/70979https://t.me/mlnmedia/70979