ပွင့်ဖြူ ဩဂုတ် ၁၅

#မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၂ – ၂၀၂၃ နွေသီးနှံစိုက်ပျိုးရာသီက ဒေသတွင်း ဆန်စပါး စားနပ်ရိက္ခာ ဖူလုံစေရန်အတွက် မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးခဲ့သည့် နွေစပါးသီးနှံစိုက်ခင်း ၁၄၁၃၀ ဧက အား ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

#ပွင့်ဖြူမြို့နယ်၌ ၂၀၂၂ – ၂၀၂၃ နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း ဆန်စပါး စားနပ်ရိက္ခာ ဖူလုံပိုလျှံစေ ရန်အတွက် မဲဇလီရေလွှဲဆည်ရေဖြင့် တစ်မြို့နယ်လုံး နွေစပါးသီးနှံ ၁၄၁၃၀ ဧက စိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း သိရပြီး စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် စပါးအထွက်နှုန်း တစ်ဧက ၉၂ ဒသမ ၈၇ တင်းခန့် ထွက်ရှိခဲ့ကြောင်းနှင့် စပါးဈေးနှုန်းလည်း ဈေးကောင်းရရှိကြသဖြင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားကာ လုပ်ငန်းအဆင်ပြေ ကြကြောင်း သိရသည်။
#ပွင့်ဖြူမြို့နယ်အနေနဲ့ ၂၀၂၂ – ၂၀၂၃ နွေသီးနှံစိုက်ပျိုးရာသီမှာ မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးသီးနှံ စိုက်ဧက ၁၄၁၃၀ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ စိုက်ပျိုးရေလဲ လုံလောက်စွာရရှိခဲ့လို့ စိုက်ပျိုးသမျှ နွေစပါးစိုက်ခင်း များလည်း ဖြစ်ထွန်းအောင်မြင်မှု ရှိခဲ့ပါတယ်။ တောင်သူတစ်ဦးချင်းအလိုက် နွေစပါးသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိစေဖို့အတွက်ကိုလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးးဌာနမှ သက်ဆိုင်ရာနယ်မြေရှိ တာဝန်ခံကွင်းဝန်ထမ်းတွေက နွေစပါးစိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ တောင်သူအသိပညာပေးလုပ်ငန်းတွေကို တွန်းအားပေး ကူညီပံ့ပိုးဆောင်ရွက်ပေး ခဲ့ကြပါတယ်။ ခုဆိုရင် မဲဇလီရေလွှဲဆည်ရေနဲ့ စိုက်ပျိုးခဲ့တဲ့ နွေစပါးသီးနှံစိုက်ခင်း ၁၄၁၃၀ ဧကကို ယနေ့ ဩဂုတ် ၁၅ ရက်နေ့မှာ အောင်မြင်စွာ ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီ ဖြစ်ပါတယ်။ စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် စပါးအထွက် နှုန်းဟာလည်း တစ်ဧကကို စပါးတင်းရေ ၉၂ ဒသမ ၈၇ တင်းခန့် ထွက်ရှိပါတယ်။ ဒီနှစ်မှာ နွေစပါးသီးနှံ ဈေးကောင်းရရှိတာကြောင့် ဒေသတွင်းရှိ နွေစပါးစိုက်ပျိုးတောင်သူတွေ သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိလို့ လုပ်ငနတ်းအဆင်ပြေကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောသည်။

    #ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေဖူလုံသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းကို နွေး ၊ မိုး ၊ ဆောင်း တစ်နှစ်ပတ်လုံး အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါး ၊ နွေနှမ်း ၊ နေကြာ ၊ ပဲတီစိမ်း ၊ ဖူးစားပြောင်းသီးနှံ ၊  အခြား ဟင်းသီးဟင်းရွက် စားဖိုဆောင်သီးနှံမျိုးစုံနှင့် ဘုရားပန်းမျိုးစုံတို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

R – 005 က ပေးပို့သည့်

#Myanmar #Local #News #Digital.

https://t.me/mlnmedia/71167?single