ပွင့်ဖြူ စက်တင်ဘာ ၅
#မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ဒုတိယအကြိမ် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အခြေခံပညာ စာသင်ကျောင်း(၅)ကျောင်းတွင် မြစ်ရေများ ဝင်ရောက်ခဲ့သဖြင့် ဆရာ ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် စက်တင်ဘာ ၅ ရက် ၊ ယနေ့နံနက်ပိုင်းကစပြီး ယာယီပိတ်ထားခဲ့ရကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရ သည်။
#ပွင့်ဖြူမြို့နယ်၌ ဒုတိယအကြိမ် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာ ကျောင်းများမှာ သံကိုင်းကျေးရွာအုပ်စုရှိ သိမ်းကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်း ၊ ပေါက်ကုန်းကျေးရွာအုပ်စုရှိ ဇီးကျွန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲ ၊ ကံလှကျေးရွာအခြေခံပညာမူလတန်းကျောင်း ၊ ကျောင်းစုကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် အရှေ့လေးအိမ်ကျေးရွာအုပ်စုရှိ ရေချမ်းစင်ကျေးရွာအခြေခံပညာမူလတန်းကျောင်းတို့ ဖြစ်ပြီး ၊ ယင်း စာသင်ကျောင်းများရှိ ဆရာ ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ဘေးအန္တရာယ် ကင်းဝေးစေရေး အတွက် မြစ်ရေ ပြန်လည်ကျဆင်းသည်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်းနှင့် မြစ်ရေကျဆင်းချိန်တွင် ပြန်လည် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ယာယီပိတ်ထားရသည့် စာသင်ကျောင်းများမှ ကျောင်းသား ကျောင်းသူများ စာသင်ချိန် သင်ခန်းစာ နောက်မကျစေရေး ကျောင်းပြန်လည်ဖွင့်ချိန်တွင် စာသင်ရက်များ အစားထိုး၍ စနစ်တကျ ဖွင့်လှစ်သင်ကြားလပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေး ထံက သိရသည်။

R – 005 က ပေးပို့သည့်

https://t.me/mlnmedia/71939?single