နေပြည်တော် သြဂုတ် ၈

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းခွင်အကြိုလေ့ကျင့်ရေးသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန သင်တန်းကျောင်း၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးဦးရဲတင့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စတင်တာဝန် ထမ်းဆောင်ကြမည့် ဒုတိယဦးစီးမှူးများအားဦးစီးဌာန၏ မူဝါဒနှင့် အခန်းကဏ္ဍ၊ ရည်မှန်းချက်တာဝန်များ၊ နိုင်ငံ့ဝန်ထမ်းများ လိုက်နာကျင့်သုံးမည့် ဥပဒေ၊ နည်းဥပဒေများ၊ ကျင့်ဝတ်များနှင့် ဒုတိယဦးစီးမှူးများ ၏ လုပ်ငန်းတာဝန်များကို သိရှိလိုက်နာပြီး ဌာန၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် လုပ်ငန်းခွင်အကြို လေ့ကျင့်ရေး သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း။

သင်တန်းတွင် လုပ်ငန်းဆိုင်ရာဘာသာရပ်များကို စတင်သင်ကြားရခြင်းဖြစ်သော်လည်း လက်တွေ့လုပ်ငန်းတွင် အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်ရမည့် လုပ်ငန်းဘာသာရပ်များဖြစ်၍ ကျွမ်းကျင် တတ်မြောက်အောင် လေ့လာသင်ယူပြီး မိမိတို့၏တစ်ဦးချင်းစွမ်းဆောင်ရည်များ တိုးတက်လာစေရေးအတွက် လုပ်ငန်းတာဝန်များ ထမ်းဆောင်မှုနှင့်အတူ စဉ်ဆက်မပြတ် လေ့လာကြရမည်ဖြစ်ကြောင်း။

လုပ်ငန်းခွင်အကြို လေ့ကျင့်ရေးသင်တန်းတွင် သင်ကြားပေးမည့် ဘာသာရပ်များသာမက ပိုမိုကောင်းမွန်သည့် တီထွင်ဆန်းသစ်မှုများကိုလည်း အမြဲလေ့လာသင်ယူ၍ ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့၏ ရည်မှန်းချက်တာဝန်များ အောင်မြင်စေရေးအတွက် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းစည်းကမ်းများကို တိကျစွာလိုက်နာကြပြီး သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ အောင်မြင်အောင် ကြိုးစားသင်ယူကြ၍ လက်တွေ့လုပ်ငန်းများတွင် အကျိုးရှိရှိပြန်လည်အသုံးချနိုင်ရေး အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ကြရန် ပြောကြားသည်။

ယခုဖွင့်လှစ်သည့် လုပ်ငန်းခွင်အကြို လေ့ကျင့်ရေးသင်တန်းကို ဩဂုတ် ၂၅ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ပြီး သင်တန်းသား သင်တန်းသူ ၃၀ တက်ရောက်ကာ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းနည်းပြများက ဦးစီးဌာန၏ မူဝါဒနှင့်အခန်းကဏ္ဍ၊ ရည်မှန်းချက် တာဝန်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ရုံးလုပ်ငန်းလက်စွဲ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ ငွေစာရင်း ထိန်းသိမ်းနည်း၊ စာကြည့်တိုက်လုပ်ငန်းများ စီမံခန့်ခွဲရေး၊ Digital Library Management System (DLMS) အသုံးပြုနည်း၊ သတင်းအမှန်များကို ပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရေး လျင်မြန်စွာ ထုတ်ပြန်နိုင်စေရန်နှင့် မီဒီယာကျင့်ဝတ်နှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန် သတင်းအပြန်အလှန် စီးဆင်းရေး၊ မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု(MIL)၊ လူမှုမီဒီယာ (Social Media) သိကောင်းစရာများ၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း၊ သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေနှင့် ပြည်သူ့ဆက်ဆံရေးဘာသာရပ်များကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

Myanmar #Local #News #Digital.

https://t.me/mlnmedia/70861?single