ပြင်ဦးလွင် ဩဂုတ် ၈

ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာဗဟုသုတတိုးပွါးရရှိစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီခွဲက အ.ထ.က (မိုးကြိုး) ကျောင်းခန်းမ၌ ကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင် နှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်အားကစားမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထူး နှင့် တာဝန်ရှိသူများ၊ စာရေးဆရာ ကိုရွှေအောင်သင်း နှင့် အထက (မိုးကြိုး)မှ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုံလင်စွာတက်ရောက် သည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင် က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက် နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပြီး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဆက်လက်ကျင်းပရာ ခရိုင်အားကစားမှူး ဦးအောင်နိုင်ထူး က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ စာရေးဆရာ ကိုရွှေအောင်သင်း က ငယ်စဉ်အရွယ်မှာပညာရှာ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး အ.ထ.က (မိုးကြိုး)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသီထက်နွယ်ကျော် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ အ.ထ.က (မိုးကြိုး) မှ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်များအား ၊ နံရံကပ် စာစောင်များအား ကျောင်းသား /ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

နေလင်း(ပြင်ဦးလွင်)

ဓာတ်ပုံ(ခရိုင် ၊ ပြန်/ဆက် )