ပြင်ဦးလွင် အောက်တိုဘာ ၃

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင် ဆောင်ရွက်ရေး ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၂ ရက်
နေ့နံနက်၉နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းခွဲ ၊ အ.လ.က (၁) ကျောင်းခန်းမ၌ကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင် နှင့် တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်အားကစားမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထူး ၊ စာရေးဆရာ ကိုရွှေအောင်သင်း ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ ၊ အ.လ.က (၁) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုံလင်စွာ တက်ရောက်သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းခွဲ ၊ အ.လ.က (၁) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာဝင်း က အဖွင့်အမှာစကား ပြောကြားပြီး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပရာ ခရိုင်အားကစားမှူး ဦးအောင်နိုင်ထူး က “ ဗလငါးတန်အကြောင်းသိကောင်းစရာ “ ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ စာရေးဆရာ ကိုရွှေအောင်သင်း က “ အနာဂတ်ကိုပိုင်စိုးမည့်သူများ “ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး ပြန်လည်ဆွေးနွေးသည့် ကျောင်းသား/ကျောင်းသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။ ထို့နောက် စာရေးဆရာ ကိုရွှေအောင်သင်း က အခြေခံပညာအထက်တန်းကျောင်းခွဲ ၊ အ.လ.က (၁) ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသစာအုပ် လက်ဆောင်များပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူပြီး ဆရာမတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်းခွဲ ၊ အ.လ.က (၁) ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၃၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်များအား ၊ နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစားလေ့လာ ဖတ်ရှုခဲ့ကြကြောင်း သိရသည်။

နေလင်း(ပြင်ဦးလွင်)

ဓာတ်ပုံ (ခရိုင် ၊ ပြန်/ဆက် )