ပြင်ဦးလွင် သြဂုတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် မြို့မဈေးကြီး ဈေးသမဝါယမအသင်း လီမိတက်၏ (၂၀၂၂–၂၀၂၃) ဘဏ္ဍာရေးနှစ်၊အရပ်ရပ်ဆိုင်ရာအစည်းအဝေးအခမ်းအနားကို ၁၆-၈-၂၀၂၃ရက်နေ့
က Royal Diamond ခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ဘဏ္ဍာရေးရှင်းတမ်းကို မန်နေဂျာ ဦးစောကလိုထူးက ရှင်းလင်းဖတ်ကြားပြီးသဘာပတိက တက်ရောက်လာသော အသင်းသား၊အသင်းသူများထံမှ အတည်ပြုချက်ရယူခဲ့သည်။

ထို့နောက် အသင်းမှ အသင်းသားများသို့ အကျိုးအမြတ်ငွေ ၇၂သိန်း၂သောင်း၊ စုဆောင်းပေါ်အတိုး ၇၈၅သိန်း၆သောင်း၃ထောင် စုစုပေါင်း ၈၂၇သိန်း၈သောင်း၃ထောင်နှင့် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူ(၄)ဦးအား ပညာသင်စရိတ် ၄သိန်း၃သောင်း ထောက်ပံ့ခဲ့ပြီး တက်ရောက်လာသော အသင်းသား၊အသင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

နေလင်း(ပြင်ဦးလွင်)

ဓာတ်ပုံ (ခရိုင် ပြန်/ဆက်)