မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့နယ်၊
ရေသရောက်ကုန်းကျေးရွာ၊ မန္တလေး-လားရှိုးအဆင်းလမ်း၊ မိုင်တိုင်အမှတ် (၅၀/၂)၊BOCဆီဆိုင်အနီးတွင် သြဂုတ်လ၈ ရက်နေ့ နံနက်၁၁နာရီ၃၀မိနစ်က Suzuki Carry (အဖြူရောင်)ယာဉ်နှင့် Nissan Diesel (၁၂)ဘီး(အပြာရောင်) ယာဉ်တို့ ခေါင်းချင်းဆိုင် တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း လူမှုကူညီရေးဆောင်ရွက်သူအသိုင်းအဝိုင်းမှ သိရသည်။

ဖြစ်စဉ်မှာ Suzuki Carry (အဖြူရောင်)
ယာဉ် ဘရိတ်ပေါက်ပြီး Nissan Diesel (၁၂)ဘီး(အပြာရောင်)ယာဉ်ကို တိုက်မိခဲ့တာ
ဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် Suzuki Carry (အဖြူရောင်)ယာဉ်ပေါ်ပါ အမျိုးသား(၃)ဦး အနက် အမျိုးသား(၁)ဦး(သေဆုံး)၊ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့ရရှိခဲ့
ကြကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားရာကို ပြင်ဦးလွင် ခ ရိုင်/မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ် ဆယ်ရေးယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွား ရောက်ကူညီဆောင်ရွက်ခဲ့ရပြီး သေဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို သန္တိသုခ လူမူကူညီရေးအသင်းယာဉ်ဖြင့် ပြင်ဦးလွင် မြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

LocalNews

TheMandalayTimes

ယာဉ်တိုက်မှုဖြစ်ပွား

၁ဦးသေဆုံး

၂ဦးထိခိုက်ဒဏ်ရာရ

ပြင်ဦးလွင်

မန္တလေးတိုင်းဒေသကြီး

Zawgyi

ျပင္ဦးလြင္ၿမိဳ႕နယ္တြင္ Suzuki Carry (အ
ျဖဴေရာင္)ယာဥ္ႏွင့္Nissan Diesel (၁၂)ဘီး ယာဥ္တို႔ေခါင္းခ်င္းဆိုင္တိုက္မိမႈျဖစ္ပြား
ၾသဂုတ္(၈)၊ျပင္ဦးလြင္

မႏၲေလးတိုင္းေဒသႀကီး၊ျပင္ဦးလြင္ၿမိဳ႕နယ္၊
ေရသေရာက္ကုန္းေက်း႐ြာ၊ မႏၲေလး-လားရွိုးအဆင္းလမ္း၊ မိုင္တိုင္အမွတ္ (၅၀/၂)၊BOCဆီဆိုင္အနီးတြင္ ၾသဂုတ္လ၈ ရက္ေန႕ နံနက္၁၁နာရီ၃၀မိနစ္က Suzuki Carry (အျဖဴေရာင္)ယာဥ္ႏွင့္ Nissan Diesel (၁၂)ဘီး(အျပာေရာင္) ယာဥ္တို႔ ေခါင္းခ်င္းဆိုင္ တိုက္မိမႈ ျဖစ္ပြားခဲ့ေၾကာင္း လူမႈကူညီေရးေဆာင္႐ြက္သူအသိုင္းအဝိုင္းမွ သိရသည္။

ျဖစ္စဥ္မွာ Suzuki Carry (အျဖဴေရာင္)
ယာဥ္ ဘရိတ္ေပါက္ၿပီး Nissan Diesel (၁၂)ဘီး(အျပာေရာင္)ယာဥ္ကို တိုက္မိခဲ့တာ
ျဖစ္ၿပီး ယာဥ္တိုက္မႈေၾကာင့္ Suzuki Carry (အျဖဴေရာင္)ယာဥ္ေပၚပါ အမ်ိဳးသား(၃)ဦး အနက္ အမ်ိဳးသား(၁)ဦး(ေသဆုံး)၊ အမ်ိဳးသား (၂)ဦး ထိခိုက္ဒဏ္ရာ(စိုးရိမ္ရ)တို႔ရရွိခဲ့
ၾကေၾကာင္း သိရသည္။

ယာဥ္တိုက္မႈျဖစ္ပြားရာကို ျပင္ဦးလြင္ ခ ရိုင္/ၿမိဳ႕နယ္မီးသတ္စခန္းမွ ရွာေဖြကယ္ ဆယ္ေရးယာဥ္(၁)စီး၊ မီးျငႇိမ္းသတ္ယာဥ္ (၁)စီး၊ ရွာေဖြကယ္ဆယ္ေရးတပ္ဖြဲ႕ဝင္ မ်ားျဖင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား သြား ေရာက္ကူညီေဆာင္႐ြက္ခဲ့ရၿပီး ေသဆုံးႏွင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သူမ်ားကို သႏၲိသုခ လူမူကူညီေရးအသင္းယာဥ္ျဖင့္ ျပင္ဦးလြင္ ၿမိဳ႕နယ္ျပည္သူ႕ေဆး႐ုံသို႔ ကူညီပို႔ေဆာင္ေပးခဲ့ ေၾကာင္း သိရသည္။

LocalNews

TheMandalayTimes

ယာဥ္တိုက္မႈျဖစ္ပြား

၁ဦးေသဆုံး

၂ဦးထိခိုက္ဒဏ္ရာရ

ျပင္ဦးလြင္

မႏၲေလးတိုင္းေဒသႀကီး

Web Link