ပြင်ဦးလွင် ၊ ဩဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ၊ ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး (၆) ရှိ ကျောက်ဆည်မဟာဂန္ဓာရုံဘုန်းတော်ကြီးကျောင်း အတွင်း/အပြင် သန့်ရှင်းရေး ၊ ခြုံနွယ်မြက်နှင့် အမှိုက် များကင်းစင်ရေး ၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ဌာနဆိုင်ရာ အဖွဲ့အစည်းများအားလုံးစုပေါင်း၍ ၂၆ရက်နေ့နံနက် (၇) နာရီခွဲက စတင် ဆောင်ရွက်ခဲ့ကြပါသည် ။

အဆိုပါ စုပေါင်းသန့်ရှင်းရေးတွင် ပြင်ဉီးလွင်တပ်နယ်မှ အရာရှိစစ်သည်များ နှင့် တပ်ဖွဲ့ဝင်များ အင်အား (၅၀)ဦး ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ (၅၅) ဦး ၊ ပြင်ဉီးလွင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များအစရှိသည့် ဌာနဆိုင်ရာအသီးသီးနှင့် ရပ်ကွက်ကြီးများမှ တာဝန်ရှိသူများ ပါဝင်သည့်အင်အား (၂၀၀) ဦး ၊ စုစုပေါင်း (၃၀၅) ဦးတို့က ကျောက်ဆည်မဟာဂန္ဓာရုံဘုန်းတော်ကြီးကျောင်းဝင်းအတွင်း မြက်များရိတ်ခြင်း၊ ခြုံနွယ် အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းများအား အင်တိုက်အားတိုက် ဝိုင်းဝန်း စုပေါင်းဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာ ကျောက်ဆည်မဟာဂန္ဓာရုံဘုန်းတော်ကြီးကျောင်းသို့ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ပြင်ဦးလွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင် နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည် ။

ေနလင်း(ပြင်ဦးလွင်)

ဓာတ်ပုံ (ခရိုင် ၊ ပြန်/ဆက် )