ပန်းတောင်း သြဂုတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ရွှေဘုံသာကျေးရွာအုပ်စုရှိ ရွှေဘုံသာမုနိစေတီတော်မြတ်ကြီး ၏ရင်ပြင်တော်ရှိဘုရားများ၊ မဟာရံတံတိုင်းများ ယမ​န်နေ့က မိုးရွာသွန်းမှုများ၍မိုးရေများစိမ့်ဝင်မှုကြောင့်မြေကျွံခြင်းဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ မိုးရွာသွန်းမှုများ၍ မိုးရေများစိမ့်ဝင်မှုကြောင့် ရွှေဘုံသာစေတီတော်မြတ်ကြီး၏ရင်ပြင်တော်တောင်ဘက်ခြမ်းရှိ နှစ်ကျိပ်ရှစ်ဆူဘုရားများ၏ နောက်ကျောဘက်နှင့် မဟာရံအုတ်တံတိုင်းကြားတွင် ရင်ပြင်တော် အလျား ၂၅ ပေ၊ အနံ ၅ ပေခန့်မှာ အောက်ဘက်သို့ ၅ လက်မခန့် မြေကျွံကျသွား၍ ဘေးမှမဟာရံတံတိုင်း (၁၄) ခန်းမှာ နောက်သို့ ၂ လက်မခန့်လန်သွားခဲ့သဖြင့် လိုအပ်သောပြင်ဆင်​​ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

R-408(ပန်းတောင်း)

Myanmar #Local #News #Digital.

https://t.me/mlnmedia/71122https://t.me/mlnmedia/71122