ပန်းတောင်း သြဂုတ် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ပန်းတောင်းတပ်နယ်မှူးဗိုလ်ချုပ်မျိုးတင့် နှင့်ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံပွဲကိုယနေ့နံနက် (၇:၀၀)အချိန်ကကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် ပန်းတောင်းတပ်နယ်မှူး ဗိုလ်ချုပ်မျိုးတင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးမြို့နယ်ပညာရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းထွဋ်မှ ကျောင်းများဖွင့်လှစ်ထားရှိမှုအခြေအနေများနှင့်တက်ရောက်လျက်ရှိသော ကျောင်းသား/သူ ဦးရေများနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှမြို့နယ်ဆရာဝန်ကြီးဒေါက်တာသန်းထိုက်စိုးမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကြိုတင်ကာကွယ်မှုလုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောအယ်ထူးမှ ကတ္တရာလမ်းများဖောက်လုပ်မှုများနှင့်ရေရှည်တည်တံခိုင်မာမှုရှိစေရန်ဆောင်ရွက်မှုများနှင့်ပတ်သက်၍လည်းကောင်းရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ် မေနှင်းဦးမှမြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ၊ ကျေးရွာတွင်းကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းများ အသက်မွေးဝမ်းကြောင်းအထောက်အကူပြုသင်တန်းများနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးရန်လင်းအောင်မှ မြို့နယ်အတွင်းရေမြောင်းတည်ဆောက်မှုလုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသင်းမှ မြို့နယ်အတွင်းစိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေးအတွက်မျိုးကောင်းမျိုးသန့်များရရှိရန် စနစ်တကျစိုက်ပျိုးနည်းစနစ်များ အကြောင်းတင်ပြခဲ့ပြီးကျန်ရှိနေသော ဌာနများမှလည်း မိမိတို့ဌာနနှင့် ပတ်သည့်လုပ်ငန်းဆောင်တာများ၊ ဆောင်ရွက်မှုများကိုရှင်းလင်းတင်ပြခဲ့ပြီး ဌာနပေါင်း (၃၇)ဌာနတက်ရောက်ခဲ့ကြောင်းသိရသည်။

R-408(ပန်းတောင်း)