နေပြည်တော်၊ ဩဂုတ် – ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ငုရွှေဝါ ခန်းမ၌တွေ့ဆုံ အမှာစကားပြောကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသနှင့်တိုင်းဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲ များတက်ရောက်ကြသည်။

ထို့သို့တွေ့ဆုံစဉ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အမှာစကားပြောကြားရာ၌ နိုင်ငံတော်၏အခြေအနေအရ သက်တမ်းထပ်မံတိုးမြှင့် သည့်ကာလအတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ဆောင်ရွက်သင့်သည်များ ကိုမှာကြားလိုခြင်းကြောင့် ယခုကဲ့သို့တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ အသစ်ထပ်မံ ချမှတ် ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကိုလည်း ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်မှာအစိုးရ၏ တာဝန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင် သည့် မည်သည့်အစိုးရမဆို နိုင်ငံကောင်းအောင် ဆောင်ရွက်ရမည့်တာဝန်ရှိကြောင်း။

မိမိတို့အစိုးရ၏ နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်မှာ တိုင်းပြည် သာယာဝပြောရေး၊ စာရေးရိက္ခာဖူလုံရေးတို့ပင်ဖြစ်ပြီး တိုင်းပြည်သာယာဝပြောရေး၌ ပြည်သူပြည်သားများအားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင်စားသောက် နိုင်ရမည်၊ ပညာသင်ကြားနိုင်ရမည်ဖြစ်ကြောင်း၊ လူတိုင်းသည် အေးချမ်းစွာ နေထိုင် လုပ်ကိုင် စားသောက်လိုကြပြီး မိမိတို့ဘဝတိုးတက်ရေးအတွက် ရည်မှန်းချက်၊ မျှော်မှန်းချက်များ ကိုယ်စီရှိကြကာ အေးချမ်းလုံခြုံစိတ်ချစွာဖြင့် နေထိုင်လုပ်ကိုင် စားသောက်လိုကြကြောင်း၊ ထို့ကြောင့်တည်ငြိမ်အေးချမ်းမှုကို ဆောင်ရွက်ပေးရန် လိုကြောင်း၊ စားရေ ရိက္ခာသည် လူတိုင်းအတွက်လိုအပ်ပြီး လက်ရှိကမ္ဘာပေါ်တွင်လည်း စားနပ်ရိက္ခာ လုံခြုံရေး(Food Security)မှာ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့်လည်း စားနပ်ရိက္ခာလုံခြုံရေးအတွက် စားရေရိက္ခာပေါများရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း။

အလားတူ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတစ်ဝန်း လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဆက်သွယ်မှုကွန်ရက်များလည်း ကောင်းမွန်ရန်လိုအပ်သဖြင့် တစ်နိုင်ငံလုံးကိုလွှမ်းခြုံနိုင်သည့် ဆက်သွယ်မှုကွန်ရက် များကို တည်ဆောက်ရန်လိုကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများ ကောင်းမွန်နေရေးအလေးပေးဆောင်ရွက်ပေးရန်လိုကြောင်း။

တိုင်းပြည်တစ်ခုတိုးတက်ခြင်း၏ အခြေခံမှာ ပညာတတ်များပေါကြွယ်ဝခြင်း ပင်ဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ် ကောင်းများ မဖြစ်မနေလိုအပ်သည့်အတွက် နိုင်ငံသားတိုင်း ပညာရည် မြင့်မားရေးကို အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှအလုပ်လုပ်နိုင်မည်ဖြစ်သဖြင့် ကျန်းမာရေးကောင်းမွန် နေရန်လည်း လိုကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည်နည်းပါးလျက်ရှိသဖြင့် ပြည်သူ ပြည်သားတိုင်း ကျန်းမာရေးကောင်းမွန်ပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေး အတွက် ညီညွတ်မျှတသည့် နေထိုင်စားသောက်မှု ရှိရန်လိုသကဲ့သို့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ပြည့်ပြည့်ဝဝဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း။

နိုင်ငံတစ်ခုတွင် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိနေရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များရှိနေသေးပြီး ယခုအချိန်အထိ နိုင်ငံ လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကိုပင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးသည်ကိုတွေ့ရှိရ ကြောင်း၊ လွန်ခဲ့သည့်ဆယ်စုနှစ်ခန့်က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းကြီးများမှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ရကြောင်း၊ အဆိုပါလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများကို အ ကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မည်ဆိုပါက ယခုအချိန်တွင် မိမိတို့နိုင်ငံ၏ လျှပ်စစ်ဓာတ်အား