နေပြည်တော် ဇူလိုင် ၂၈

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေး(၄/၂၀၂၃) ကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝင်းရှိန်နှင့် ဦးအောင်နိုင်ဦး ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အခွန်အယူခံ ခုံအဖွဲ့ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့ ဥက္ကဋ္ဌများက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၁၀)ကြိမ်မြောက်ဖြစ်ပြီး ယခင်အစည်းအဝေး(၉)ကြိမ်၌ ဆုံးဖြတ်ချက် (၃၁၁)ချက် ချမှတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း ဖမ်းဆီးရမိအနေဖြင့်လည်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ အမှုတွဲ(၇၀၁၁)မှုနှင့် ခန့်မှန်းတန်ဖိုးကျပ် (၁၂၇.၀၅၄) ဘီလီယံဖြစ်ပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက များစွာတိုးတက် ဖမ်းဆီးနိုင်ခဲ့ကြောင်း။

သို့သော် တရားမဝင်ကုန်သွယ်မှုများသည် လျော့နည်းကျဆင်းသွားခြင်း မရှိဘဲ ဆက်လက်လုပ်ကိုင် ဆောင်ရွက်နေကြကြောင်းကို ကြားသိနေရကြောင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှု ၂၀၂၂ ခုနှစ်၊ မေလမှ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ စာရင်းတွင် ထိုင်းနိုင်ငံစာရင်းအရ ထိုင်းပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၂.၉၃၂) ဘီလီယံဖြစ်ပြီး မိမိတို့ဘက်က စာရင်းအရ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁.၂၉၃)ဘီလီယံဖြစ်၍ အမေရိကန်ဒေါ်လာ(၁.၆၃၉)ဘီလီယံ ကွာခြားနေသည့်အတွက် ၎င်းသည် တစ်နှစ်အတွင်း တရားမဝင် ကုန်သွယ်မှုများ ဖြစ်သည်ဟု သုံးသပ်ရ ကြောင်း။

တရားမဝင် ကုန်သွယ်မှုဖြစ်ပေါ်ရခြင်း အဓိက အကြောင်းအရင်းများမှာ “အစိုးရ၏ မူဝါဒ၊ ရောင်းလိုအားနှင့် ဝယ်လိုအား၊ ပွင့်လင်း မြင်သာမှုနှင့် ကုန်သွယ်မှု၊ အကောက်ခွန် လုပ်ငန်းဝန်းကျင်” စသော အခြေခံကျသည့် အချက်များအပြင် နိုင်ငံအတွင်း လုံခြုံရေးအရ လိုအပ်ချက်ရှိနေဆဲ နယ်စပ်ဒေသများရှိနေခြင်း၊ နယ်စပ်ဒေသများသည် ရှည်လျားပြီး နှစ်နိုင်ငံချင်း လွယ်ကူစွာ ဖြတ်သန်းနိုင်သည့် နေရာအများအပြားရှိခြင်းကြောင့် လုံခြုံရေးအရ စောင့်ကြည့်ထိန်းသိမ်းရန် ခက်ခဲခြင်း၊ ဥပဒေရေးရာ အားနည်းချက်များရှိခြင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးလုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်ရသည့် ဝန်ထမ်းအင်အားနှင့် စွမ်းဆောင်ရည် နိမ့်ကျခြင်းနှင့် အကျင့်ပျက်မှုများ ရှိနေခြင်း စသည့်အချက်များကလည်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရာတွင် စိန်ခေါ်မှုများ ဖြစ်ကြောင်း။

နိုင်ငံ၏ ပထဝီအနေအထားအရ ရှည်လျားသည့် နယ်စပ်မျဉ်းတစ်လျှောက် တွင်ရှိသည့် တရားမဝင် ဝင်ထွက်ပေါက်များ၊ မှောင်ခိုရှောင်ကွင်းလမ်းများအပြင် တာဝန်ကျနိုင်ငံ့ဝန်ထမ်းအချို့၏ အားနည်းချက်များကြောင့် တရားမဝင် ကုန်ပစ္စည်း များ နိုင်ငံအတွင်းပိုင်းအထိ ဖမ်းဆီးဖော်ထုတ်သည့်ကြားမှ ဝင်လာဆဲဖြစ်၍ အဆိုပါ တရားမဝင်ကုန်ပစ္စည်းများ သိမ်းဆည်း နိုင်မည့် သိုလှောင်ရုံများနှင့် ဈေးကွက်များ အထိ ဝင်ရောက် စစ်ဆေး အရေးယူ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယင်းကိစ္စကို ကုန်သည်အချင်းချင်း သိရှိပြီးဖြစ်၍ နိုင်ငံ့အကျိုးစီးပွား၊ မိမိကိုယ်ကျိုးစီးပွားကြည့်ပြီး သက်ဆိုင်ရာကို သိလျှင် သိခြင်း အသိပေးအကြောင်းကြားပေးရန် လိုအပ်ကြောင်း။

နိုင်ငံ့စီးပွားမြှင့်တင်ရေး အစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်က “တရားမဝင်ကုန်သွယ်မှုများနှင့် သယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်ခြင်းများသည် မိမိတို့ နိုင်ငံ့စီးပွားရေးအပေါ် ထိုးနှက်ချက်များပင်ဖြစ်ကြောင်း”ဟု ပြောကြား ခဲ့ကြောင်း။ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းတွင် သယံဇာတများကို တရားမဝင် တူးဖော်သည့် ဘက်ဟိုးယန္တရား(၅၇)စီး၊ ခန့်မှန်းတန်ဖိုးကျပ်(၄.၅၃၁)ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ကြောင်း။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ တရားမဝင်သစ်မျိုးစုံ အမှုတွဲ(၁၄၆၂)မှု၊ ခန့်မှန်းတန်ဖိုး ကျပ် (၄.၄၂၁) ဘီလီယံ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိမှု စုစုပေါင်း၏(၃.၄၈) ရာခိုင်နှုန်း ဖြစ်ကြောင်း၊ သို့သော် နိုင်ငံအတွင်း သယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်နေမှု များသည် ရှိနေဆဲပင်ဖြစ်ကြောင်း။ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး