မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုကြသည့် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူများအနေဖြင့် ကြည်ညိုသဒ္ဓါပွားများလျက် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် အလှူငွေများကို ပေးအပ်လှူဒါန်းလျက်ရှိကြပြီး ခုနှစ်ရက် သားသမီးအလှူရှင်များအနေဖြင့်လည်း ဘုရားဖူးပြည်သူများသုံးဆောင်နိုင်ရန် အတွက်  သက်သတ်လွတ် သီးစုံဒံပေါက်များကို အာဟာရဒါနစတုဒိသာအဖြစ် ကျွေးမွေး လှူဒါန်းကြသည်။

အဆိုပါ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးကို အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုနိုင်ရေးအတွက် ဩဂုတ် ၈ ရက်မှစ၍ ၁၆ ရက်အထိ  နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း အခမဲ့လာရောက် ဖူးမြော် ကြည်ညိုနိုင်ရန် ဖွင့်လှစ်ထားရှိရာ ဘုရားဖူးများဖြင့် အထူးစည်ကားလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ရပ်နီး၊ ရပ်ဝေးမှ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများ စိတ်အေး ချမ်းသာစွာဖြင့် လာရောက်ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ဩဂုတ် ၁၇ ရက်မှ ၁၉ ရက် အထိ ထပ်မံ၍ ရက်သတ်မှတ်တိုးမြှင့် အခမဲ့ဖူးမြော်ကြည်ညိုခွင့်ပြုပေးသွားမည် ဖြစ် ပါသည်။

မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးသို့ ဩဂုတ် ၂၀ ရက်နှင့်နောက်ပိုင်း လာရောက်ဖူးမြော်ကြသူများအား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥယျာဉ်တော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုသိုလ်တော်ဖြစ် ပါဝင်နိုင်ရေး မြန်မာနိုင်ငံသား လူကြီးတစ်ဦးလျှင် ၁၀၀၀ ကျပ်နှင့် နိုင်ငံခြားသားတစ်ဦးလျှင် 10 USD နှုန်းတို့ဖြင့် သတ်မှတ်ကောက်ခံ သွားမည်ဖြစ်ကြောင်းနှင့် အသေးစိတ်အား မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ Website ဖြစ်သည့် mbiw.myannet.com ၊ www.twitter.com/Maravijaya- နှင့် t.me/Maravijaya တို့တွင် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အသိပေးအပ်ပါသည်။

#Myanmar #Local #News #Digital.

နစက

https://t.me/mlnmedia/71216?singlehttps://t.me/mlnmedia/71216?single