ပုသိမ် ဩဂုတ် ၉

ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့၏ မြို့နယ်လုံးဆိုင်ရာသာသနာ့အကျိုးတော်ဆောင်အဖွဲ့ကြီးမှနှစ်စဥ်ပြုလုပ်လျှက်ရှိသောဝါတွင်း၊ဝါပမဟာသံဃိကဒါနအရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲတွင် ဆွမ်းအဟာရကုသိုလ်တော်အဖြစ်္တိုင်းဒေသကြီးဥပဒေချုပ်၊ဥပဒေအရာရှိနှင့်တိုင်း၊ခရိုင်နှင့်မြို့နယ်ဥပဒေရုံးမိသားစုများစု​ပေါင်း၍ အရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲကိုယ​ေန့ နံနက် ၄ နာရီအချိန်မှစတင်လောင်းလှူခဲ့ကြသည်။

အရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲအပြီးတွင်ပုသိမ်မြို့၏ကျက်သရေဆောင်ဝိသာခါ(ဒေါ်လှယဥ်) တန်ဆောင်းအတွင်းရေစက်ချမင်္ဂလာအခမ်းအနားကိုဆက်လက်ကျင်းပပြုလုပ်သည်။ရေစက်ချအခမ်း အနားတွင်ပုသိမ်မြို့မောင်းထောင်ကျောင်းတိုက်ဆရာတော်ထံမှရှစ်ပါးသီလခံယူဆောက် တည်ခဲ့ကြပြီးသံဃာတော်အရှင်သူမြတ်များထံမှပရိတ်တရားတော်များနာယူခဲ့ကြပြီးသံဃာတော်အရှင်သူမြတ်ကြီးများအား တိုင်းဒသကြီးဥပဒေချုပ်မှဦးဆောင်ကာ ဥပဒေအရာရှိများမှဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။လှူဒါန်းမှုအစုစုအတွက်ပုသိမ်မြို့မောင်းထောင်ကျောင်းတိုက်အုပ်ဆရာတော်မှရေစက်ချတရားဟောကြားရာတိုင်းဒေသကြီးဥပဒေချုပ်နှင့်ဥပဒေအရာရှိကြီးများ၊တိုင်း၊ခရိုင်နှင့်မြို့နယ်ဥပဒေအရာရှိနှင့်ဝန်ထမ်းများကရေစက်္ချတရား နာယူခဲ့ကြပြီး ကြွရောက်တော်မူလာကြသောသံဃာ တော်ကြီးများအားအရုဏ်ဆွမ်းများဆက်ကပ်ကြောင်းသတင်းရရှိသည်။

R-016 ( ပုသိမ်)