ပြင်ဦးလွင် ၊ ဇူလိုင် ၂၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှု
လုပ်ငန်းဦးစီးဌာန မှ ကြီးမှူးဖွင့်လှစ်သည့် တန်ဖိုးမြှင့် စားသောက်ကုန် ( သီးနှံအခြေခံ ယို ၊
ဖျော်ရည် ၊ ဝိုင်အမျိုးမျိုး ) ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲကို ဇူလိုင်၂၄ရက်နေ့ နံနက် ( ၁၀ ) နာရီက ပြင်ဦးလွင်မြို့နယ် ၊ ပင်လိန် ( အရှေ့) ကျေးရွာ ၊ ရွာဦးကျောင်း ရှိ ဓမ္မာရုံ ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက် ကြသည် ။

ရှေးဉီးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းအောင်ကြည် မှ အဖွင့်အမှာစကားပြောကြားပြီး
မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဗိုလ် မှ သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည် ။

ဆက်လက်ပြီး တာဝန်ရှိသူများမှ စီမံကိန်း လုပ်ငန်းအား ကျေးရွာကော်မတီ အဖွဲ့ခေါင်းဆောင်
ထံ သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသားများ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ တန်ဖိုးမြှင့် စားသောက်ကုန်( သီးနှံအခြေခံ ယို ၊ ဖျော်ရည် ၊ ဝိုင်အမျိုးမျိုး ) ထုတ်လုပ်မှု နည်းပညာသင်တန်းကို ( ၂၄ – ၇ – ၂၀၂၃ ) နေ့မှ ( ၃၀ – ၇ – ၂၀၂၃ ) ရက်နေ့အထိ သင်တန်းကာလ ( ၇ ) ရက်ဖြင့် နံနက် ( ၀၉:၀၀ )နာရီမှ ညနေ ( ၁၆:၀၀ ) နာရီအထိ သင်တန်းနည်းပြဆရာများ မှ သီးနှံအခြေခံ ယို ၊ ဖျော်ရည် နှင့် ဝိုင်အမျိုးမျိုး ပြုလုပ်နည်း စသည့်တို့ကိုစာတွေ့လက်တွေ့ စနစ်တကျသင်ကြား ပို့ချလျက်ရှိရာ သင်တန်းသား (၁၀ ) ဦး တက်ရောက်သင်ကြား လျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည် ။

#နေလင်း(ပြင်ဦးလွင်)
# ဓာတ်ပုံ ခရိုင် ( ပြန် / ဆက် )