ရာရုံးတချို့ပြောင်းရွှေ့ထားရ

တနင်္သာရီ  ဩဂုတ် ၈

     တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း မိုးများသည်းထန်စွာ ရွာသွန်း နေမှုကြောင့်တနင်္သာရီမြို့၏တနင်္သာရီမြစ်ရေသည့်ဩဂုတ်လ၁ရက်နေ့မှစတင်၍ မြင့်တက်လာပြီးဩဂုတ်လ၇ရက်နေ့ ညနေ၆နာရီအချိန် ဆိပ်ခံတံတားရေမှတ်တိုင်တွင် တိုင်ထွာချက်အရတနင်္သာရီမြို့စိုးရိမ်ရေအမှတ်(၁၇) ပေထက်(၁ပေ-၅လက်မ)ကျော်
လွန်၍(၁၈ပေ-၅လက်မ)အထိရောက်ရှိနေပြီဖြစ်ရာ မြို့နယ်အတွင်း အနိမ့်ပိုင်းနေရာ/ကျေးရွာများတွင်မြစ်ရေများဝင်ရောက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ မြစ်ရေမြင့်တက်နေမှုကြောင့် ဩဂုတ်လ၇ရက်နေ့ ညနေ(၄)နာရီအချိန်က အနိမ့်ပိုင်းနေရာ များတွင်နေထိုင်သည့် ဆင်ခြေဖုန်းကျေး ရွာအုပ်စု-ဘန်းသဲကျေးရွာမှ အိမ် ထောင်စု(၂၂)စုရှိ ကျား(၅၈)ဦး+ မ(၅၈)ဦး၊ ပေါင်း(၁၁၆)ဦးသည် ဘန်းသဲ ဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း၊ ကျောက်တလုံးကျေးရွာအုပ်စု-မြေမအုံကျေးရွာမှအိမ်ထောင်စု(၁၈)စုရှိ ကျား(၄၆) ဦး+မ(၄၅)ဦး၊ပေါင်း(၉၁)ဦးတို့သည် ဆိုင်ကလုန်း Shelter သို့လည်း ကောင်း၊ 
    သို့ပါ၍ယနေ့အထိ အိမ်ထောင်စု (၄၆)စုမှကျား(၁၁၆)ဦး+မ(၁၁၅)ဦး၊ပေါင်း(၂၃၁)ဦးတို့သည်ယာယီကယ်ဆယ်ရေးစခန်းများ နှင့်နီးစပ်ရာဆွေမျိုးအိမ်များသို့ ယာယီ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ သတင်းရရှိသည်။
 အလားတူနယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန- မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့်(၂)ခန်းတွဲဝန်ထမ်းအိမ်ရာနှင့်မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန- ဝန်ထမ်းအိမ်ရာတို့တွင် မြစ်ရေများဝင်ရောက်နေမှုကြောင့် ဌာနပိုင် ပစ္စည်းများကိုရေလွတ်ရာနီးစပ်ရာနေရာ များသို့ ပြောင်းရွှေ့ထားရကြောင်း သိရှိရသည်။
  မြို့ပေါ်ရပ်ကွက်အတွင်း မြစ်ရေများ လျော့ကျစေရေးအတွက်အမှတ်(၂)စစ်နယ်မြေမှူးဗိုလ်မှူးကြီးအောင်ကိုလတ်၏လမ်းညွှန်မှုဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော် သက်ထူးနှင့်မြို့နယ်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကော်မတီဝင်များကြီးကြပ်၍ ရေထိန်းစက်ရုံရှိရေစုပ်စက်(၂)လုံးဖြင့် (၈လက်မ) ရေထွက်ပိုက် (၄)လုံးဖြင့် မြို့အ တွင်းရှိရေများကိုစုတ်ထုပ်ပေးလျက်ရှိကြောင်း သိရသည်။
       တနင်္သာရီမြို့နယ်၏ စိုးရိမ်ရေအမှတ်မှာ သာမန်မြစ်ရေအထက် (၁၇ပေ)ဖြစ်ပြီး၊ အန္တရာယ်ရေအမှတ်မှာ(၂၄ပေ)ဖြစ်ကြောင်း သိရှိရသည်။

R~069(တနင်္သာရီ)