တနင်္သာရီ ဩဂုတ် ၇

တနင်္သာရီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ လမ်းညွှန်မှုအရ တနင်္သာရီမြို့နယ်မီးသတ်ဦးစီးဌာန ၊ မီးသတ်ဦးစီးမှူးရုံးခန်းအတွင်း ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများကို စက်လှေဖြင့် ဆောင်ရွက်ရာတွင် စက်လှေကိုကျွမ်းကျင်စွာကိုင်တွယ်မောင်းနှင်တတ်စေရန် မီးသတ်တပ်ဖွဲ့ဝင်များအား စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု(မွမ်းမံ)သင်တန်း (၁/၂၀၂၃)ကို ဩဂုတ်လ ၇ရက်နေ့ နံနက် ၉နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားသို့ တနင်္သာရီမြို့နယ်၊ အမှတ်(၂)စစ်နယ် မြေမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးကျော်သက်ထူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူးမင်းအောင်နှင့် မြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင် အားဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ကြွယ်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးမျိုးမျိုးနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ ချောင်းငယ်ရပ်ကွက်-အရန်မီးသတ် တပ်ဖွဲ့ ဒုတပ်ရင်းမှူး အေးနိုင်၊ ဒုတပ်ခွဲမှူး ခင်မောင်မြင့်နှင့်သင် တန်းသားများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ် ချုပ်ရေးမှူး ဦးကျော်သက်ထူးက မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့မီးသတ်တပ်ဖွဲ့ရှိ မီးသတ်ရေယာဉ်များကို ကျွမ်းကျင်ပိုင်နိုင်စွာမောင်းနှင်နိုင်အောင် ယခုသင်တန်းမှာ ကျိုးစားသင်ယူကြပါရန် အဖွင့်အမှာစကားပြောကြားပြီး စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကြသည်။
ထို့နောက် သင်တန်းနည်းပြ ဒု-ဦးစီးမှူး ဦးသူရိန်စိုးက မီးသတ်တပ်ဖွဲ့ဝင်များအား မြစ်ရေပြင် အတွင်း ဖိုဘာလှေဖြင့် ကိုင်တွယ်မောင်းနှင်မှု စတင်သင်ကြားပေးနေမှုများကို အမှတ်(၂)စစ်နယ်မြေမှူး၊ ဗိုလ်မှူးကြီးအောင်ကိုလတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

၎င်းသင်တန်းတွင် မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်(၅)ဦးနှင့် အရန်မီးသတတပ်ဖွဲ့ဝင်(၅)ဦး၊ စုစု ပေါင်း(၁၀)ဦး တက်ရောက်ကြမည်ဖြစ်၍ နည်းပြဆရာ(၄)ဦးတို့က မီးသတ်တပ်ဖွဲ့ဥပဒေ/နည်းဥပဒေများ၊ ရေယာဉ်ဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များ၊ ရေယာဉ်ပါပစ္စည်းကိရိယာများ၊ မီးသတ်ပစ္စည်းကိရိယာများ ကိုင်တွယ်ထိန်းသိမ်းနည်း၊ တစ်ဦးချင်းရေယာဉ် လက်တွေ့မောင်းနှင်ခြင်းနှင့် ဆန်းစစ်လက်တွေ့ မောင်း နှင်ပြသခြင်း…စသည်ဘာသာရပ်များဖြင့် ဩဂုတ် လ(၇ရက်နေ့မှ ၁၈ရက်)အထိ ရက်သတ္တ(၂)ပတ်အကြာ စာတွေ့/လက်တွေ့သင်တန်းသင်ကြားပေးမည်ဖြစ် ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

R~069(တနင်္သာရီ)

Myanmar #Local #News #Digital.

https://t.me/mlnmedia/70826?singlehttps://t.me/mlnmedia/70826?