ညောင်ဦး ဩဂုတ် ၁၅

#မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဒေသခံကျေးလက်နေ ပြည်သူများ သောက်သုံးရေ ဖူလုံစေရေးအတွက် ကျေးလက်ရေရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၁ ရက် ၊ မွန်းလွဲ ၂ နာရီက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းနှင့် တာဝန်ရှိသူ များက လာရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

#အဆိုပါ ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်း သည် ညောင်ဦးခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ဦးစီးမှူးများနှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများ လိုက်ပါ၍ ညောင်ဦးမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစေရန် ကျေးလကိမြစ်ရေတင်(တောင်ဇင်း) ရေပေးဝေ ပိုက်လိုင်းမှ မြစ်ရေရယူသည့် တောင်ဘကျေးရွာ(Prepaid Water Meter) ကြိုတင်ငွေပေးစနစ်ရေမီတာဖြင့် သောက်သုံးရေ ရယူသုံးစွဲနေမှုအား ကြည့်ရှုစစ်ဆေးရာ ခရိုင်နှင့် မြို့နယ်မှ တာဝန်ရှိသူများ ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရေကော်မတီဝင်များ ၊ ရပ်မိရပ်ဖများက မြစ်ရေရယူသုံးစွဲနေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။
#ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများအဖွဲ့သည် ညောင်ဦးမြို့နယ် မြေနဲလေးကျေးရွာသို့ ရောက်ရှိပြီး ကျေးလက်မြစ်ရေတင်(စက်စက်ယို)ရေပေးဝေပိုက်လိုင်းမှ မြစ်ရေ ရယူ၍ ( Prepaid Water Meter ) ကြိုတင်ငွေပေးစနစ်ရေမီတာဖြင့် သောက်သုံး‌ရေ သုံးစွဲနေမှုအခြေအနေ အား ကြည့်ရှုစစ်ဆေးကာ သောက်သုံးရေ လေလွင့်ဆုံးရှုံးမှု မရှိစေရေး စနစ်တကျ သုံးစွဲကြရန် ဆွေးနွေး မှာကြားခဲ့သည်။
#ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်အတွင်း တောင်ဇင်းရေပိုက်လိုင်းနှင့် စက်စက်ယိုရေပိုက်လိုင်းတို့မှ ကျေးလက်မြစ်ရေတင်စနစ်ဖြင့် သောက်သုံးရေ ရယူသုံးစွဲနေသည့် ကျေးရွာများအား သောက်သုံးရေ ဖူလုံစွာ ဖြန့်ဝေပေးနိုင်ရေးအတွက် ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၂၈ ဒသမ ၇ သန်းဖြင့် စက်စက်ယို မြစ်ရေတင် ရေပိုက်လိုင်း(၉)လက်မ AC ပိုက်အား (၁၀)လက်မ BS အမျိုးအစား ပိုက်အသုံးပြု၍ အရှည် ၁၂၀၀ ပေ ပြောင်းလဲတပ်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ တင်ဒါစနစ်ဖြင့် တာဝန်ယူ ဆောင်ရွက်သည့် Unistruct Col.td ကုမ္ပဏီမှ တာဝန်ရှိသူများက ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း (၇၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုနှင့် အချိန်မီပြီးစီးရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် များကို ရှင်းလင်းတင်ပြကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က ရေပိုက်လိုင်းတပ်ခြင်းလုပ်ငန်းအား ကျေးရွာများသို့ သောက်သုံးရေ အဆင်ပြေစွာ ပေးဝေနိုင်ရေးအတွက် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
#ညောင်ဦးမြို့နယ်တွင် ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစေရန် ညောင်ဦး မြို့နယ် နတ်သမီးကမ်းပါးမြစ်ရေတင်စနစ်ဖြင့် ကျေးရွာ ၁၀၅ ရွာအား သောက်သုံးရေ ဖြန့်ဝေပေးလျက် ရှိသည့် တောင်ဇင်းရေပိုက်လိုင်းနှင့် စက်စက်ယိုရေပိုက်လိုင်းတို့မှ ကျေးလက်မြစ်ရေတင်လုပ်ငန်းတွင် ၂၀၂၁ – ၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လ ဘတ်ဂျတ်မှစ၍ မြစ်ရေအသုံးပြုသည့် ကျေးရွာများ၌ ရေဖိုး/ ရေခ ကြွေးကျန် မဖြစ်ပေါ်စေရန်နှင့် ရေသုံးစွဲမှု ထိန်းချုပ်နိုင်စေရန် ရည်ရွယ်ပြီး (Prepaid Water Meter) ကြိုတင်ငွေပေးစနစ် ရေမီတာများတပ်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာရေး နှစ်အထိ ရေမီတာ (၂၄)လုံး တပ်ဆင်ပြီးဖြစ်ကာ ကျေးရွာ(၅၉)ရွာတွင် ( Prepaid Water Meter ) ကြိုတင် ငွေပေးစနစ် ရေမီတာအလုံး ၆၀ အထိ တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဦး ထံမှ သိရသည်။

R – 005 က ပေးပို့သည့်

#Myanmar #Local #News #Digital.

https://t.me/mlnmedia/71188?single

MLND/https://t.me/mlnmedia/71188?singlehttps://t.me/mlnmedia/71188?single