မန္တလေး  သြဂုတ် (၁၂)

မြန်မာနိုင်ငံအတွင်၊ဆန်စပါးထွက်ရှိသောနိုင်ငံဖြစ်ပါလျှက်နဲ့၊ဆန်ဈေးတွေ၊တစ်ရက်နဲ့တစ်ရက်တက်နေခြင်း၊ဆီဈေးတွေတက်ရခြင်း၊ကြောင့်၊အများပြည်သူများ၊စားဝတ်နေရေးအခတ်အခဲ့ဖြစ်ရင်ဆိုင်နေရကြောင်းအများပြည်သူများကအခုလိုရင်ဖွင့်ပြောကြားခဲ့တာဖြစ်ပါတယ်။

တနေ့ကိုယ်ကျွန်တော်ဝင်ငွေက၊(၃၀၀၀)ဘဲရှိတာ၊ဒါတောင်၊ကျွန်တော်တို့မိသားစုကိုသနားလို့အလုပ်ရှင်တခိုင်လို့အလုပ် လုပ်ဆနရတာဗျာ၊သားကမိန်မနဲ့ကလေးနဲ့အလုပ်မရှိဘူး၊သားရဲ့မိန်မကလဲ၊ကလေးမွေးထားတော့၊အလုပ်ကနားနေရတာ၊အရင်ကကျွန်တော်တို့မိသားစညစားနေကြဆန်က၊အခုတစ်ပြည်ပြည်(၆၄၀၀)ဖြစ်ပြီ၊အခုစားဆနတဲ့ဆန်ကတစ်ပြည်ကို(၄၅၀၀)ပေးရတယ်ဗျာ၊တစ်နေ့ဆန်တစ်ပြည်ချက်ရတယ်ထား၊ဟင်ဖိုးမရှိတော့ဘူး၊ငယ်တော့မငတ်သေဘူး၊ကိုယ်ဝင်ငွေနဲ့ထွက်ငွေလုံးဝမမျှတော့ဘူးဟုအမရပူရမြို့နေဒေသခံဦးသိန်းမောင်ကပြောပါတယ်။

ဆန်းဈေးတင်တက်တာပဟုတ်ပါဘူး၊အစစအရာရာ
ကုန်ဈေးနှၤုန်းတွေအကုန်တက်နေတာ၊ဆီဈေးလဲတက်တယ်၊ပဲဈေးတက်တယ်၊ အိမ်သုံးကုန်ပစ္စည်းတွေလည်းတက်၊ဒီခြားထဲ့လူမှုရေးတွေကတမျိုး၊ လစဉ်မီတာခ၊
ရေးဖိုး၊အိမ်လခ၊ အခတ်အခဲတွေကအများကြီးဘဲ၊ဝင်ငွေကပုံမှန်မရှိတော့၊အတိုးနဲသူများဆီကချည်းသုံးတော့၊အတိုးကတက်၊အရင်ကကျွန်မတို့ကယက္ကန်းခတ်တာ၊အ ခုဆိုအဲဒီအလုပ်က၊အလုပ်ရှင်ကယက္ကဆင်တွေရောင်းလိုက်တော့ရရာအလုပ်လုပ်ပြီမိသားစုစားဝတ်နေရေးဖြေရှင်နေရကြောင်းဒေါ်သန္ဒာလင်းကပြောပါတယ်။

လက်ရှိကာလအတွင်းလမ်းပန်းဆက်သွယ်မှုများခတ်ခဲ့ခြင်း၊လုပ်ကိုင်ရှားပါးခြင်း၊အခြေခံလူတန်းစားတို့၏
နေ့စဉ်ဝင်ငွေနဲ့ထွက်ငွေမမျှခြင်း၊ကုန်ဈေးနှုံန်းများတက်နေခြင်းကြောင့်၊အခတ်ခဲများရှိကြောင်းသိရသည်။

AmarapuraNews