ထိုမှတစ်ဆင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မင်းဘူး(စကု)မြို့နယ် မင်းဘူး-အမ်းကားလမ်းမဘေး ဇီးအိုင်ကျေးရွာအနီးရှိ GEP Myanmar ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသော နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ် ဓါတ်အားပေးစက်ရုံစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်တွင် ကုမ္ပဏီမှ တာဝန်ရှိသူများ၏ တည်ဆောက်ရေးလုပ်ငန်းစဉ် Phase–1 ဆောင်ရွက်ပြီးစီးမှုနှင့် Phase–2 လုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်မဟာဓါတ်အားလိုင်းအတွက် လျှပ်စစ်ဓါတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆောင်ရွက်ရန်ကျန်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအားလုံးကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားရန် မှာကြားဆောင်ရွက်ခဲ့ပြီးနောက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

R / 080 (မင်းဘူး)

#Myanmar #Local #News #Digital.

https://t.me/mlnmedia/71077

MLND/https://t.me/mlnmedia/71077

MUN//https://t.me/munewstv/23566https://t.me/munewstv/23566