ခြုံရေးနှင့် ရှေ့ဆက်လုပ်ငန်းစဥ် ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့

ငပုတော နိုဝင်ဘာ ၉ ရက်

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟင်းအိုးချောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် လုံခြုံရေး/
သန့်ရှင်းရေး/မီးဘေး/ဆိုင်ကယ်လိုင်စင်များ စနစ်တကျ စီးနင်းမောင်းနှင်ရေး အကောင်ထည်ဖေါ် ဆောင်ရွက်သွားနိုင်ရေးနှင့် ရှေ့ဆက်လုပ်ငန်းစဥ်များ ညှိနိုင်းဆွေးနွေး ခြင်းကို နိုဝင်ဘာလ ၉ ရက် ဒီကနေ့ နေ့လည် ၁၂း၀၀ နာရီအချိန်မှာ ပြုလုပ်ခဲ့ကြသည်

ဟင်းအိုးချောင်း ကျေးရွာအုပ်စု လုံခြုံရေးနှင့်ရှေ့ဆက်လုပ်ငန်းစဥ် များ ညှိနှိုင်းဆွေးနွေးခြင်း
များဆောင်ရွက်ခဲ့ရာ အုပ်စု အုပ်ချုပ်ရေးမှူး မန်းဇာနည်အောင်မှ မြို့နယ် မ စ ဖ မှ ညွှန်ကြားများဖြစ်တဲ့ နိုင်ငံတော်အဆင့်/တိုင်းနဲ့ပြည်နယ်အဆင့်/မြို့နယ်/
ရပ်ကွက်/ကျေးရွာအုပ်စုများအဆင့် လုံခြုံရေး တင်းကျပ်စွာ ဆောင်ရွက်ရေး ကျေးရွာအုပ်စုအတွင်း ဆိုင်ကယ်များ စနစ်တကျ ဖြင့် စီးနင်းမောင်းနှင်ရေး
ဆိုင်ကယ်စီးနင်း မောင်နှင်သူများ ဆိုင်ကယ်စီး ဦးထုပ်ကို စနစ်တကျ မေးသိုင်းကြိုး တတ်/ဆောင်း မောင်းနင်ရေး မိမိအိမ် ပတ်ဝန်းကျင့်နှင့်
ကျေးရွာအုပ်စု သန့်ရှင်းရေး မပြတ်ဆောင်ရွက်ရေး/ကျေးရွာအတွင်း
မောင်းနှင်ကြသော ဒိန်းဒေါင်း (ထော်ဂျီ)များ လိုင်
စင်များပြုလုပ် ဆောင်ရွက် သွားနိုင်ရေး
စနစ်တကျ ဆောင်ရွက်ရေး ညွှကြားချက်များကို အသေးစိတ် ချပြညှိနှိုင်း ဆောင်ရွက်ခဲကြသည်

အုပ်စုအတွင်း ကျေးရွာများအလိုက် လုံခြံရေး ကင်းရုံများ တည်ဆောက်ထားပြီးဖြစ်သလို နိုဝင်ဘာလ ၉ ရက်နေ့ ဒီကနေ့ည ၆း၃၀ နာရီမှ စတင်၍ ဆယ်အိမ်ပိုင်အလိုက် ညစဥ်အလှည်လိုက် လုံခြံရေး ကင်းစောင့်သွားရန် ကင်းစောင့်ချိန်သည် ည ၆း၃၀ နာရီမှ နောက်နေ့မနက် ၆း၃၀ နာရီ အချိန်အထိ မပျက်/မကွက်ဆောင်ရွက်ရန် စီစဥ်ဆောင်ရွက်ရှိပြီး တက်ရောက်လာကြသော ဆယ်အိမ်မှူး/ရာအိမ်မှူး/ရပ်မိ/ရပ်ဖများတို့မှ အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်

ဧရာဝတီ-ဇနက (ငပုတော)