ငပုတော အောင်တိုဘာ ၈ ရက်

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်.ဟင်းအိုးချောင်းအုပ်စု မိုးရာသီ အုပ်ချုပ်ရေးမှူးဖလား အုပ်စုပတ်လည် ဘောလုံးအားကစား ဗိုလ်လုပွဲနှင့် ဆုချီးမြင့်ခြင်း အခမ်းအနားကို အောင်တိုလ ၈ ရက် ဒီကနေ့မှုာ ရေငံ-သရက်ကုန်း.အောင်မဂ်လာ အကစားကွင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်

မိုးရာသီ အုပ်စု အုပ်ချုပ်ရေးမှူးဖလား အုပ်စုပတ်လည်ဘောလုံး အားကစား ပြိုင်ပွဲ ယှဥ်ပြိုင်ကစားခဲ့ရာ Dis Co
ဘောလုံးသင်းက JLP ဘောလုံးအသင်းကို (၅)ဂိုး (၁) ဂိုးဖြင့် ပထမ ဆုကိုရရှိခဲ့ပြီး JLP ဘောလုံးအသင်းမှ ဒုတိယဆုကို လည်းကောင်း O2 ဘောလုံးအသင်းက HOC ဘောလုံးအသင်းကို (၄)ဂိုး (၃)ဂိုးဖြင့် တတ္တိယဆုကို လည်းကောင်းအသီးအသီး ဆွတ်ခူးရ
ရှိခဲ့ကြသည်

၂၀၂၃ ခုနှစ် မိုးရာသီ အုပ်စု အုပ်ချုပ်ရေးမှူး ဖလား အုပ်စုပတ်လည် ဘောလုံး အားကစား ယှဥ်ပြိုင်မှု ဗိုလ်လုပွဲ ပြီးဆုံးပြီးနောက် မိုးရာသီ အုပ်စု အုပ်ချုပ်ရေးမှူ ဖလား အုပ်စု ပတ်လည်ဘောလုံး အားကစား ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ကြသည်

၎င်းနောက် ပထမဆု ဒုတိယဆု တတ္တိယဆု ရရှိခဲ့သော ဘောလုံးအားကစားအသင်းတို့အား ဆုချီးမြင့် ပေးအပ်ခြင်း ပွဲစဥ်တစ်လျှောက်လုံး ဝင်ရောက်ယှဥ်ပြိုင် ကစားခဲ့ကြသော ဘောလုံးအသင်း (၁၄) သင်းတို့ကို ဘောလုံးအားကစား အသင်းလိုက် ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခြင်း ပထမဆု ရရှိသော Dis Co ဘောလုံးအားကစား အသင်းကို ဖလားနှင့် ဆုတံဆိပ် ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်
MJA. (ငပုတော)